အိမ်ထောင်ရေးသာယာချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကန့်တွေထားပါ။

blank

ဘဝလက်တွဲဖော်ရယ်လိုဖြစ်လာရင် အချိန်တိုင်းမှာ အတူတူရှိချင်ကြတယ်။ ဘဝရဲ့ကဏ္ဍတိုင်းမှာ ပါဝင်ပတ်သက်ချင်ကြတယ်။ ဒါဟာတကယ်ကောမှန်ရဲ့လား။ အိမ်ထောင်ရေးသာယာဖို့ကော အထောက်အကူပြုနိုင်ရဲ့လား။

မိသားစုတွေအနေနဲ့ကော မိဘတစ်ယောက်အနေနဲ့ မနေဘဲ သားသမီးရဲ့ အိမ်ထောင်ရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ချုပ်ကိုင်ချင်ကြတယ်။ ကူညီတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သားသမီးရဲ့ အရေးကိစ္စတွေ၊ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်စွက်ဖက်ကြတယ်။ အဲ့ဒါက တကယ်ကော သူတို့တွေရဲ့ အိမ်ထောင်ရေးသာယာဖို့ ကူညီပေးနိုင်သလား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ရဲ့ အကျပ်အတည်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မိဘပြောတဲ့ စကားကို နားထောင်ရမလား။ ဇနီးမယားပြောတာကို လက်ခံရမလားမသိတော့တာမျိုးပါ။ “မင်းမိန်းမက ဘယ်လို” ဆိုတဲ့ ထိုးနှက်ချက်တွေ “ရှင့်မိဘတွေက ဘယ်လို” ဆိုတဲ့ ခနဲ့စကားတွေကြားမှာ ဗျာများရတတ်ပါတယ်။ တကယ်တော့

  • မိဘကမိဘနေရာ…
  • ဇနီးကဇနီးနေရာ
  • သူငယ်ချင်းတွေက သူငယ်ချင်းနေရာ ကဏ္ဍအသီးသီးမှာ အကန့်တွေနဲ့ရှိနေကြရင် ပိုမကောင်းဘူးလား။

တစ်ယောက်ရှိနေတဲ့ အကန့်ကို နောက်တစ်ယောက်က ဝင်ရောက်စွက်ဖက်တာမျိုး ရှောင်ကြဉ်ကြမယ်ဆိုရင် တစ်ယောက်ရဲ့ကဏ္ဍကိုနောက်တစ်ယောက်က လေးစားပေးမယ်ဆိုရင် အိမ်ထောင်ရေးမှာလည်း ပြဿနာတွေလျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ရေးသာယာစေဖို့ အကန့်ထားပါလို့ပဲ အကြံပေးပါရစေ။

သင့်ရဲ့ အမြင်လေးကိုလည်း မျှဝေပေးခဲ့ပါဦး။