ဘယ်လိုအိမ်ထောင်ရေးတွေက ပိုသာယာကြတာလဲ။

blank

စုံတွဲတွေကို ကြည့်လိုက်ရင်….

  • မမနဲ့မောင်လေးအတွဲ
  • ကိုကိုနဲ့ ညီမလေးအတွဲ
  • ဦးနဲ့ သမီးအတွဲ
  • ရွယ်တူသူငယ်ချင်းအတွဲ ဆိုပြီး တွေ့ရတတ်ပါတယ်။

ဘယ်စုံတွဲတွေက အိမ်ထောင်ရေးပိုပြီး သာယာကြတာလဲ။ ယောက်ျားလေးက အသက်ကြီးရင်ကောင်းတယ်လို့ တချို့ကပြောကြတယ်။ မိန်းကလေးက အသက်ကြီးတော့ ပိုသည်းခံတာကြောင့် အိမ်ထောင်ရေးမှာ ပိုအဆင်ပြေတယ်လို့လည်း တချို့လူတွေက မှတ်ချက်ပေးကြပြန်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တကယ်ကော…. အိမ်ထောင်ရေးသာယာမှုဟာ အိမ်ထောင်ဖက်နှစ်ယောက်ရဲ့ အသက်အရွယ်ကွာဟမှုပေါ်မှာ မူတည်ရဲ့လား။ တကယ်တော့ လူနှစ်ယောက်ကို အတူတူချည်နှောင်ထားတဲ့အရာက အသက်အရွယ်အပိုင်းတစ်ခုတည်း မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ ဘဝအတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ အသိပညာတွေကို အိမ်ထောင်ရေးအပေါ်မှာ ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အိမ်ထောင်ရေးတစ်ခုကို အသက်သွင်းသွားကြတာပါ။

တစ်ယောက်နဲ့တစ်ယောက်အသက်ကွာခြားပေမယ့် နားလည်မှုတွေ တူနေမယ်ဆိုရင်၊ သစ္စာတရားတွေ ခိုင်မာနေမယ်ဆိုရင်၊ ညှိနှိုင်းမှုတွေ မျှတနေမယ်ဆိုရင် အိမ်ထောင်ရေးက သာယာအဆင်ပြေနေမှာပဲ မဟုတ်လား။

သင့်ရဲ့အမြင်လေးတွေကိုလည်း ဝေမျှပေးပါဦး။