လူတွေရဲ့အကြိုက်ကိုလိုက်ဖို့ သမီးလောကထဲကို ရောက်လာခဲ့တာ မဟုတ်ပါဘူး။

blank

သမီးလေးရေ….။

အခြားသူတွေ သမီးကို လက်ခံလာဖို့အတွက် သမီးရဲ့ ပုံစံကို ပြောင်းလဲလိုက်ပြီး သူတို့ရဲ့စံနှုန်းတွေအတိုင်း ဘဝကို ရှင်သန်ဖြတ်သန်းနေလား သမီး။

လူတွေက ကြိုက်မှာ မဟုတ်ဘူးဆိုတာနဲ့ သမီးဖွင့်ပြောချင်တဲ့ အရာတွေကို ဖုံးကွယ်လိုက်တယ်။ သူတို့အကြိုက် ပြောင်းလဲလိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ သမီးလေးက သူတို့အကြိုက်ကို အမြဲလိုက်နိုင်မှာ မဟုတ်ပါဘူးနော်။ သူတို့ရဲ့လက်ခုပ်သံ၊ အားပေးမှု၊ သမီးကို ရွေးချယ်စေဖို့ အသည်းအသန်ကြိုးစားရင်း သမီးလေးရင်မောလာပါလိမ့်မယ်။

သမီးလေးကို လက်ခံချင်တဲ့သူက ဘယ်လိုအခြေအနေမျိုးမှာမဆို သမီးကို လက်ခံပြီး သမီးကို အပြစ်တင်ဝေဖန်ချင်တဲ့ သူကတော့ သမီးကို အမြဲတမ်း ဝေဖန်ကဲ့ရဲ့နေမှာပဲ ဖြစ်ပါတယ်။  စစ်မှန်တဲ့ပေါင်းသင်းဆက်ဆံရေးတွေဆိုတာ သက်တောင့်သက်သာဖြစ်စေတဲ့ အသိုက်အဝန်းတစ်ခုပဲဖြစ်သင့်တယ်မဟုတ်လား။

ဒါ့ကြောင့် အခြားသူတွေရဲ့ အကြိုက်ကို လိုက်ပြီး သမီးကိုယ်သမီးမပြောင်းလဲလိုက်ပါနဲ့။ သမီးဟာ အဲ့ဒီအတွက် လောကကြီးကို ရောက်လာခဲ့တာ မဟုတ်ဘူးသမီး။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။