အမှီအခိုကင်းပြီး လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင်….။

blank

သူမဟာ လက်တွေ့ကျပြီး အလုပ်ကိုပဲ ယုံကြည်တတ်တဲ့အတွက် သူမကို ဆွဲဆောင်ဖို့ စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်တဲ့ အပြောလေးတွေနဲ့ပဲ မလုံလောက်ဘူးဆိုတာ သိထားပါ။

သူမဟာ တော်ရုံတန်ရုံ ခံစားချက်တွေကို ထုတ်ဖော်မပြသတဲံအတွက် သူမက သင့်ကိုရင်ဖွင့်တယ်ဆိုရင် သင်ဟာ သိပ်ကိုကံထူးတဲ့သူဆိုတာ သိထားပါ။

သူမကို အားပေးပါ။ ကူညီပါ။ ဒါပေမဲ့ သူမက သင့်ကိုမှီခိုအားကိုးလာမှာ မဟုတ်ဘူးဆိုတာကို နားလည်ထားပါ။ သင့်ဟာ သူနဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်လာနိုင်ပေမယ့် သင့်ကိုပဲ အားကိုးမှီခိုနေမှာ မဟုတ်ပါဘူးနော်။

သူမတစ်ယောက်တည်း နေချင်တယ်လို့ပြောလိုက်ရင် သူမအနားကနေ ခဏလေးထွက်ခွာပေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမဟာ အစီအစဉ်မချဘဲ အလောတကြီးနဲ့လက်ထပ်မယ့် မိန်းကလေးတစ်ယောက် မဟုတ်ဘူးဆိုတာကို သိထားပါ။

သူမရဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်သွားတာမျိုးတွေကိုလည်း နားလည်ပေးဖို့ ကြိုးစားပါ။ သူမဟာ သာမန်မိန်းကလေးတွေလို သင့်အနားမှာ ၂၄ နာရီတွယ်ကပ်နေမှာ မဟုတ်ပါဘူး။

သင့်ဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ၊ အိပ်မက်တွေကိုလည်း သူမက ကူညီဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ သူမနဲ့ချိန်းတွေ့တဲ့အခါ ယောက်ျားလေးဘက်ကပဲ ပိုက်ဆံရှင်းရမယ်ဆိုတဲ့ ထုံးတမ်းတွေကို လိုက်နာနေစရာမလိုတော့ပါဘူး။