အရပ်ရှည်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတဲ့အခါ…။

blank

သူမက သင့်ထက်အရပ်ရှည်နေတယ်ဆိုပေမယ့် သူမနှစ်သက်တဲ့ ဒေါက်ဖိနပ်လှလှလေးတွေကို စွန့်လွှတ်ချင်မှာ မဟုတ်ဘူးဆိုတာ သိထားပါ။

သင်တို့နှစ်ယောက်ကြားမှာ ဘယ်လိုပြဿနာတွေပဲ ရှိလာရှိလာ သူမဟာ သင့်ကို မော်တောင် ကြည့်မှာ မဟုတ်ပါဘူး။

လူကြားထဲမှာ ထင်းခနဲပေါ်နေတဲ့ သူမကို သင် အလွယ်တကူပဲ ရှာဖွေနိုင်မှာဖြစ်တာကြောင့် ရှာဖို့အတွက် လွယ်ပါတယ်။

အရှပ်ရှည်ပြီး ကြော့ရှင်းနေတဲ့ သူမကို လူတွေက အမြဲငေးကြည့်တတ်ပါတယ်။ သူမနဲ့ တွဲနေတဲ့ သင့်အနေနဲ့ သဝန်တိုမယ့်အစား သူမအတွက် ဂုဏ်ယူပေးတာက ပိုအဆင်ပြေပါလိမ့်မယ်။

သူမက သင့်ထက်အရပ်ရှည်တာကို သူမသိပါတယ်။ အဲ့ဒီအကြောင်းခဏခဏပြောပြီး သူမကိုအနှောင့်အယှက်မပေးပါနဲ့။

သူမနဲ့တော်တဲ့ အင်္ကျီနဲ့ဖိနပ်တွေဟာ ရှာရခက်တာကြောင့် သူမရှော့ပင်လိုက်သွားတဲ့အခါ စိတ်ကို သူမအရပ်လောက်ရှည်အောင် ထားပေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သင့်အနေနဲ့ သူမနဖူးကို နမ်းချင်တာတို့ ရိုမန်တစ်ဆန်ဆန်အခိုက်အတန့်တွေ ဖန်တီးချင်တာတို့ဆိုရင် ကြိုတင်စီစဉ်ထားဖို့လိုပါတယ်။ ခုံလေးဘာလေးကြိုရှာထားပေါ့။

အရပ်ရှည်တဲ့ကောင်မလေးတွေဟာ..

စမတ်ကျတယ်။

အထာကျတယ်။

လူတိုင်းရဲ့ အားကျခြင်းကို ခံရတတ်တယ်။

ဒါ့ကြောင့် သင့်အနေနဲ့ အရပ်ရှည်တဲ့ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ဂုဏ်ယူလိုက်ပါနော်။