အချစ်စစ်ဆိုတာ ခဏခဏတွေ့တတ်လား။ နောက်ဆုံးတွေ့တာက အချစ်စစ်လား။

blank

ကျွန်မနာမည်က ဂျူလိုင်ပါ။

ကျွန်မတို့ချစ်သက်တမ်းက ၃ နှစ်ရှိပါပြီ။ ကျွန်မချစ်သူကလည်း ကျွန်မအပေါ် သစ္စာရှိရှိချစ်တဲ့၊ တန်ဖိုး ထားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ သမီးရည်းစားသဘာဝသာမန်ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ကလွဲပြီး နှစ်ယောက်သားကြား ပြဿနာအထွေအထူးလည်း မရှိပါဘူး။ နှစ်ယောက်လုံးအလုပ်အကိုင်နဲ့မို့ ရည်မှန်းထား တဲ့ စုဆောင်းငွေပြည့်လာတဲ့အခါ လက်ထပ်ကြဖို့လည်း စီစဉ်ထားပါတယ်။

အခုတော့ ပြဿနာတစ်ခုရှိနေပါပြီ။

အဲ့ဒါက သူ့ဘက်ကမဟုတ်ဘဲ ကျွန်မဘက်ကဖြစ်တာပါ။ ကျွန်မတို့ရည်းစားစဖြစ်တော့ သူ့ကို ဘယ် တော့မှ သစ္စာမဖောက်နဲ့။ သစ္စာဖောက်ရင် နင့်ကောင်မလေးကော၊ နင့်ကိုပါ ငါသတ်ပစ်မှာလို့တောင် သူ့ကို နောက်ဖူးပါတယ်။ သစ္စာဖောက်တဲ့သူဆိုရင်လည်း ကျွန်မက သိပ်မုန်းပါတယ်။ ဒါပေမဲ့ အခုကျတော့ သစ္စာ ဖောက်ချင်တဲ့သူက ကျွန်မဖြစ်နေပါပြီ။

သူနဲ့က အခုသင်တန်းတက်ရင်းတွေ့တာပါ။ ကျွန်မမှာ ချစ်သူရှိမှန်း သူ မသိပါဘူး။ ကျွန်မလေ သူ့ကို စမြင်ကတည်းက စိတ်ဝင်စားမိတာပါ။ ကျွန်မရှာနေတဲ့သူဟာ သူလို့ကို ခံစားရ တာပါ။ မဖြစ်နိုင်တာသိလို့၊ မဖြစ်သင့်တာနားလည်လို့ ကျွန်မသူ့ကို ရှောင်ပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို မေ့မရ ဘူး။ သင်တန်းအချိန်ပါ သူနဲ့မတူအောင် ပြောင်းတက်ပါတယ်။ သူက ကျွန်မဖုန်းနံပါတ်ကို စုံစမ်းပြီး ဖုန်းဆက်ပါ တယ်။ ကျွန်မလေ သစ္စာဖောက်တဲ့သူမဖြစ်ချင်ပါဘူး။ ကျွန်မချစ်သူမှာလည်း ဘာအပြစ်မှ မရှိပါဘူး။ ဒါပေမဲ့ နောက်လူကိုလည်း တကယ်ချစ်နေမိပါပြီ။ အချစ်စစ်ဆိုတာ အဲ့ဒါလား။ သူ့ကို ကျွန်မတကယ်ချစ်မိသွားတာ လား။ ဘာလုပ်ရမလဲတောင် မသိတော့ပါဘူး။ အခုတော့ ချစ်သူကိုလည်း ရှောင်နေမိတယ်။ နောက်လူကိုလည်း ဘာအဆက်အသွယ်မှ မလုပ်ပါဘူး။ တစ်ယောက်တည်း ခံစားနေရတာကလည်း ကျွန်မအတွက် ရူးမတတ်ပါပဲ။

အကြံလေးရှိရင်ပေးပါဦး ဂန္ထဝင်ရေ။