ဦးနှောက်နဲ့ နှလုံးသား ဘယ်သူ့နောက်လိုက်ရမလဲ။

blank

ကျွန်မနဲ့သူက သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ အသောက်အစားကင်းရှင်းပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ သူ့ရဲ့အချစ်ကိုပိုင်ဆိုင်ထားတာက ကျွန်မအတွက် ကံကောင်းမှုတစ်ခုပါ။ ကျွန်မလိုအပ်ချိန်တိုင်းမှာ အားပေးကူညီပေးတတ်တယ်။ အခြားလူတွေကို ကြင်နာစွာဆက်ဆံတတ်တယ်။ ကျွန်မအပေါ်လည်းအနွံတာခံတယ်။

လွန်ခဲ့တဲ့လက သူကပြောတယ်။ “လက်ထပ်ရအောင်” တဲ့။ နှလုံးသားတစ်ခုတည်းနဲ့ ဆုံးဖြတ်ရမယ်ဆိုရင် ကျွန်မချက်ချင်းခေါင်းညိတ်မိမှာပါ။ “စဉ်းစားပါရစေဦး” လို့ ကျွန်မကပြောလိုက်တဲ့အခါ သူကကျွန်မကို အံ့သြစွာ ကြည့်နေခဲ့တယ်။ တကယ်တော့လေ ကျွန်မကချစ်ပြီး ကျွန်မကိုချစ်တဲ့သူ့ကို ကျွန်မဘာကြောင့် ငြင်းရက်နိုင်မှာလဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူ့ဆီမှာ ကျွန်မအားမလိုအားမရဖြစ်မိတဲ့အချက်လေးနဲ့ ကျွန်မကိုယ်ကျွန်မသုံးသပ်နေတာ ကြာခဲ့ပြီ။ ကိုယ်ကျင့်တရားကောင်းတယ်၊ အနေအေးတယ်ဆိုတဲ့သူဟာ ဘဝကို အလေးအနက်မထားသလို ခံစားနေရတာကြာခဲ့ပြီ။ သူက ကျွန်မကိုချစ်ပြတတ်တယ်။ အားပေးကူညီတတ်တယ်ဆိုပေမယ့် သူကိုယ်တိုင်ရဲ့ဘဝမှာ ဘာမှလုပ်မနေသလို ခံစားရတယ်။ ကျွန်မက အလုပ်မလုပ်ဘူးလားမေးရင် ကိုယ်ပိုင်အလုပ်ထောင်မှာလို့ဖြေတတ်တယ်။ သူထောင်နေတဲ့ ကိုယ်ပိုင်အလုပ်ဆိုတာကလည်း ချစ်သူသက်တမ်း (၃) နှစ်အထိ ဘာမှဖြစ်မလာခဲ့ဘူး။

ကျွန်မကလေ ဘဝအတွက် ငွေကအထိုက်အလျောက် အရေးကြီးတယ်လို့ ယုံကြည်တယ်။ ကျွန်မအလုပ်ကို ကြိုးစားပန်းစားလုပ်တိုင်း သူက “ချစ်က သိပ်လောဘကြီးတာပဲ” တဲ့။ သူ့ဘဝမှာ စိတ်ချမ်းသာဖို့က အဓိကတဲ့။ ကျွန်မမှာ အနာဂတ်အိပ်မက်တွေ၊ ရည်မှန်းချက်တွေအများကြီးရှိတယ်။ အကောင်အထည်လည်း ဖော်နေတယ်။ သူကတော့ အရာရာမှာစိတ်အေးလက်အေးပါပဲ။ “ကိုယ်ကံကောင်းတယ်နော်… ချစ်က ငွေရှာတာတော်တော့ ကိုယ်ကအေးဆေးနေရုံပဲ” ဆိုပြီး တစ်ခါတလေဆို စရင်းနောက်ရင်းပြောတတ်တယ်။

ကျွန်မသူ့ကို ချစ်ပါတယ်။ လက်ထပ်ဖို့ကျတော့ ဦးနှောက်က မီးနီပြနေတယ်။

ဦးနှောက်နောက်လိုက်ရမလား။ နှလုံးသားနောက်လိုက်ရမလား။