ခါးသီးတဲ့ ဘဝထိုးနှက်ချက်တွေကို သမီးလေးကို ခံနိုင်ရည်ရှိစေချင်တယ်။

blank

သမီးလေးရေ ခါးသီးတဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိစေဖို့အတွက်….။

ဘဝမှာ သမီးအနားမှာ ဘယ်သူတွေပဲ ရှိရှိ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ကိုယ်ပိုင်စွမ်းအားတွေနဲ့ ဖြေရှင်းရင်ဆိုင်ရမယ့် ပြဿနာတွေ အများကြီးရှိတယ်။ မေမေဟာ သမီးကိုချစ်ပေမယ့်လည်း တချို့လမ်းတွေကို သမီးကိုယ်တိုင်လျှောက်ရလိမ့်မယ်။ မေမေက သမီးကိုလမ်းပြနေပေမယ့်လည်းပေါ့။ အဲ့ဒီအခါမျိုးမှာ သူများတွေပြောနေတဲ့ စကားတွေကို နာထောင်ပြီး သိမ်ငယ်တာ၊ အားငယ်တာမျိုးတွေ မလုပ်ပါနဲ့။ သမီးရင်ထဲက စကားကို သမီးပြန်နားထောင်ပါ။ သမီးလေးဟာ သိပ်ကိုသန်စွမ်းတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သမီးဘေးနားမှာ ဘယ်လိုအခြေအနေမျိုးမဆို အတူတူရှိနေတဲ့ သူငယ်ချင်းတွေရဲ့ လက်ကိုအမြဲ တွဲထားပါ။ သူတို့လဲကျသွားတဲ့အခါ သမီးကူပေးပါ။ သမီးလဲကျသွားရင်လည်း သူတို့ကို အားပြုပြီး ပြန်ထပါ။ ဒါပေမဲ့ သမီးကိုယ်တိုင်တော့ ထရမယ်နော်။ သမီးကိုလေ အားကိုးလို့ရတယ်ဆိုတိုင်း သူများကို အားကိုးတတ်တဲ့သူတစ်ယောက်မဖြစ်စေချင်ဘူး။

ပြီးတော့ ထိုးနှက်ချက်တွေကြုံလာတိုင်း မယိမ်းယိုင်လိုက်ပါနဲ့။ သမီးရဲ့အစွမ်းအစတွေကို ယုံကြည်ပါ။ ခါးသီးတဲ့အရာတွေကို ဘဝကိုပိုလှပအောင် တည်ဆောက်နိုင်စေမယ့် ဆေးခါးကြီးအဖြစ် အသုံးချလိုက်ပါနော်။