ပထမယောက်ျားမကောင်းလို့ ဒုတိယအိမ်ထောင်ထူချင်တာ ကျွန်မအပြစ်လား။

blank

ဂန္ထဝင်ရေ…

ရင်ဖွင့်ပါရစေ။

ကျွန်မက အသက် ၂၉ နှစ်အရွယ် မုဆိုးမတစ်ယောက်ပါ။ ခင်ပွန်းက ကျွန်မထက် ၅ နှစ်ကြီးတယ်။ သူက အရက်သောက်တယ်။ နောက်တော့ ဆေးပါစွဲပါတယ်။ သူ့ထက်ငယ်ပေမဲ့ ကျွန်မကိုလည်း မညှာတာပါဘူး။ အရက်သောက်တော့လည်း အရက်ဝယ်ခိုင်း၊ ဆေးချတော့လည်းရှိတဲ့ပစ္စည်းတွေ ပေါင်နှံခိုင်းနဲ့ မို့ ကျွန်မမှာ တစ်နေ့တစ်နေ့ မျက်ရည်မျက် ခွက်နဲ့ ဖြတ်သန်းခဲ့ရတာပါ။ အဲ့ဒီတုန်းက ပတ်ဝန်းကျင်က ကျွန်မကို ဝိုင်းသနားခဲ့ကြတယ်။

ငယ်ငယ်ချောချောလေး၊ မိဘအိမ်မှာ ဖူးဖူးမှုတ်ခံအငယ်ဆုံးသမီးလေးက လင်ကံဆိုးရှာ တယ်၊ ဝဋ်ကြွေးမြန်မြန်ကျေပါစေဆိုပြီးပြောကြပါတယ်။ အခုတော့ ကျွန်မယောက်ျားဆုံးသွားတာ ၂ နှစ်နီးပါးရှိ ပါပြီ။ ကလေး ၁ ယောက်ကျန်ခဲ့ပါတယ်။ ကျွန်မအိမ်က ပြန်ခေါ်ထားပြီး ကျွန်မကိုလည်း စောင့် ရှောက်ထားကြ တယ်ဆိုပေမဲ့ ကလေးရှေ့ရေးရှိသေးတော့ ကျွန်မက အလုပ်လုပ်ပါတယ်။ ရုပ်ရည်ရှိ၊ အရွယ်ရှိ မုဆိုးမဖြစ်တော့ အကဲစမ်းချင်တဲ့သူတွေအများကြီးပါပဲ။ ပြီး တော့ နောက်တစ်ခုက မိန်းမတွေကလည်း သူတို့ ယောက်ျား၊ သူတို့ အိမ်ကလူတွေနဲ့ ကျွန်မကို စိတ်မချကြပါ ဘူး။ ကြာတော့ ကျွန်မဘဝကို ကျွန်မစိတ်ညစ်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အခု ကျွန်မတို့သားအမိအပေါ် စောင့်ရှောက်မယ့်သူနဲ့ ဆုံနေပါပြီ။ သူက ကျွန်မအပေါ် သိပ်ကောင်းပါတယ်။ က လေးနဲ့ ပတ်သက်ပြီးတော့လည်း နားလည်မှုတအားရှိပါတယ်။ ပြီးတော့ အားကိုးရလောက်တဲ့ ယောက်ျား ကောင်းတစ်ယောက်ပါ။ အိမ်ထောင်တစ်ခါကျဖူးပြီမို့ ယောက်ျားတွေအကြောင်း ကျွန်မသိသင့်သလောက် သိ နေပြီမို့ သူက ပထမယောက်ျားနဲ့မတူတာကို ကျွန်မ အကဲခတ်နိုင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ ကျွန်မ ကို ကဲ့ရဲ့ကြတယ်။ မုဆိုးမက လူပျိုလူလွတ်ကို အမိဖမ်းသလိုမျိုးလည်း ပြောကြတယ်။ ကျွန်မကို သနားခဲ့တဲ့ သူတွေကပဲ ကျွန်မကို ပြောလိုက်ကြတာရစရာကို မရှိပါဘူး။ ကျွန်မက လင်ကြီးငုတ်တုတ်နဲ့ ဖောက်ပြန်တာ ဆိုရင်လည်း တစ်မျိုးလေ။ အခုတော့ ကျွန်မပထမအိမ်ထောင်လည်း ဆုံးသွားပြီ။ ပထမအိမ်ထောင်ရေးမသာ ယာခဲ့လို့ ဒုတိယအိမ်ထောင်ရေးထူထောင်ချင်မိတာ ကျွန်မမှားသွားလား။