ပုပြီးနုတဲ့ ကောင်မလေးတွေနဲ့ ဒိတ်နေတဲ့ ကိုကိုတို့သိဖို့

blank

၁။ သူမဟာ သင့်အတွက် ချစ်စရာကောင်းတယ်ဆိုတဲ့ ပုံစံထက် စမတ်ကျကျဖြစ်နေတယ်၊ ဆက်ဆီကျကျဖြစ်နေတယ်ဆိုပြီး ခံစားရပါစေ။

၂။ သူမကို “သဲ” တို့ “ချစ်” တို့ “ကလေး” တို့ ကြိုက်သလိုခေါ်ပါ။ ဒါပေမဲ့ “အသေးလေး”တို့ “ပုစိကွေးလေး” တို့ စတဲ့ နာမည်ပြောင်တွေနဲ့ လုံးဝမခေါ်ပါနဲ့။

၃။ သူမလက်ကို ကြိုက်သလောက်တွဲပါ။ ဒါပေမဲ့ သင်ကအရပ်ပိုရှည်တယ်ဆိုတာကို သက်သေပြသလို ဖြစ်စေတဲ့ သူမပုခုံးပေါ် လက်တင်တာတို့၊ ခေါင်းပေါ်ကို လက်တင်တာတို့ကို ရှောင်ပါ။

၄။ အမြင့်ပေါ်ရောက်နေတဲ့ပစ္စည်းတွေကို သူမယူတော့မယ်ဆိုရင် အလိုက်တသိနဲ့ ယူပေးပါ။ ဖြစ်နိုင်ရင်တော့ သင့်အရပ်ကလွဲရင် ဘယ်ပစ္စည်းမှ အမြင့်ကိုရောက်မနေပါစေနဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ အရပ်ပုတာဟာ သူမရဲ့ အားနည်းချက်တစ်ခုဆိုတာကို ဘယ်တော့မှ မခံစားရပါစေနဲ့။ သူမကို လေးစားမြတ်နိုးမှုတွေပေးပါ။

အရပ်ပုတဲ့ကောင်မလေးတွေဟာ….

ရှိရင်းစွဲအသက်ထက်နုပျိုတယ်။
ချစ်ဖို့ကောင်းတယ်။
ကလေးဆန်တယ်။
ချစ်သူကို ယုံကြည်အားကိုးတတ်တယ်။
ချစ်တတ်ကြတယ်။
သစ္စာရှိတယ်။

ပုတဲ့ကောင်မလေးတစ်ယောက်နဲ့ အရပ်ရှည်တဲ့ကောင်လေးတွဲလိုက်လိုက်တဲ့အခါ ချစ်ဖို့ကောင်းတဲ့ စုံတွဲတစ်တွဲ ဖြစ်သွားတာကြောင့် သင်လည်းအလိုလို ကြည့်ကောင်းသွားမှာ အသေအချာပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ဘေဘီလေးကို mention ခေါ်ပြီး ငါးပေအောက်အရပ်နဲ့ ချစ်စရာကောင်းနေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပေးလိုက်ပါဦးနော်။