ဘဝမှာရုန်းကန်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို  ချစ်သူတော်တော့မယ်ဆိုရင်….

blank

စာချစ်သူတို့ရေ…..။

အတိတ်မှာ အသည်းခဏခဏကွဲခဲ့ပြီး နှလုံးသားဒဏ်ရာတွေ ပြည့်နှက်နေတဲ့ ကောင်မလေးတွေဟာ တခြားသူတွေကို ခံစားချက်တွေ ပြောပြလေ့မရှိကြပါဘူး။ ပြီးတော့ ဘဝသင်ခန်းစာကို  လေ့လာခဲ့ရလို့ အသည်းမာလာကြပါတယ်။ ဒါပေမဲ့  အရင်ကထက် ပိုသန်မာလာကြတာတော့ အမှန်ပါပဲ။

ဒီလို ကောင်မလေးတွေကို ချစ်သူတော်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို စာချစ်သူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ လက်ဆောင်ပစ္စည်းတွေထက် စစ်မှန်တဲ့မေတ္တာနဲ့ ကြင်နာတဲ့ဂရုစိုက်မှုကို ပိုလိုချင်ကြလိမ့်မယ်။

၂။ ခွန်အားအပြည့်နဲ့ ကိုယ်လမ်းကို လျှောက်လေ့ရှိကြတာကြောင့် သင့်ကို ရွေးချယ်လိုက်တယ်ဆိုရင် သင်ဟာသိပ်ကိုထူးခြားသူပဲ ဖြစ်ပါလိမ့်မယ်။

၃။ သူတို့ကို စကားလုံးတွေနဲ့ စာဖွဲ့ပြောနေတာထက် အပြုအမူနဲ့ဆောင်ရွက်ပေးတာကို ပိုမြင်ချင်ကြလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သူတို့ရဲ့နှလုံးသားဟာ နူးညံ့သိမ်မွေ့ကြလို့ တခြားသူတွေထက် သင့်ကို ပိုဂရုစိုက်ပေးလိမ့်မယ်။

၅။ သီးသန့်နေရတာကို သဘောကျပေမယ့် သူတို့ကို ကြင်နာမှု၊ နွေးထွေးမှုတွေ ပေးတာကို လိုချင်မက်မောကြလိမ့်မယ်။

၆။ သူတို့အပေါ် ရိုးသားမှုနဲ့ အချိန်ပေးမှုတွေကို အလိုရှိလိမ့်မယ်။

၇။ ဘဝကို အမှီအခိုကင်းကင်းနဲ့  ရပ်တည်နိုင်တဲ့အတွက် သင့်အကူအညီကို လိုအပ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိစ္စရပ်တွေကို သူတို့ကိုယ်တိုင်ပဲ ဖန်တီးပါလိမ့်မယ်။