အမှတ်မရှိတဲ့ နှလုံးသား

blank

နှလုံးသားလေးရေ…

မင်းဟာ ဒဏ်ရာတွေ အကြိမ်ကြိမ်ရခဲ့ပေမယ့် သေဆုံးမသွားဘူးနော်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်တယ်။ ဖီးနစ်ဆိုတဲ့ မီးတောက်ငှက်လိုပဲ ပြာတွေကြားကနေ အသစ်တစ်ဖန် ပြန်လည်ဖြစ်တည်နိုင်တယ်။ ဒဏ်ရာရသွားတဲ့အခါ နှလုံးသားတံခါးကို ခဏပိတ်ထားလိုက်ပေမယ့် မကြာပါဘူး။ နှလုံးသားတံခါးကို ပြန်လည် ဖွင့်လှစ်ထားလိုက်ပြန်ရော။ ပြီးတော့ ကျိန်စာသင့်နေသလို ထူးခြားဆန်းကြယ်လွန်းတဲ့ အချစ်ဆိုတဲ့အရာကိုလည်း ထပ်မံပေါ်ပေါက်လာစေပြန်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မင်းကြောင့် ငါဟာ အမြဲတမ်းပဲ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ရိုလာကိုစတာစီးနေရသလို ရင်ဖိုလှိုက်မောနေရတယ်။ ပြီးတော့ ဒဏ်ရာတွေရပြီး လဲပြိုကျပြန်တယ်။ အသည်းခိုက်အောင် နာကျင်နေပေမယ့် အချိန်တစ်ခုလောက်ကြာတာနဲ့ မေ့သွားပြန်ရော။ ဒဏ်ရာတွေက အနာကျက်စပြုတာနဲ့ အမှတ်မရှိစွာပဲ ထပ်ချစ်ဖို့ ကြိုးစားပြန်တယ်။ ဒီလိုနဲ့ပဲ မင်းဟာ ငါ့ကို ရူးချင်စရာကောင်းလွန်းတဲ့ ရိုလာကိုစတာကို ထပ်စီးမိအောင် ထပ်ဆွဲဆောင်ပြန်ပါရောလား။

စာချစ်သူတို့မှာကော ဒီလိုအမှတ်မရှိတဲ့ နှလုံးသားလေးတွေရှိလား…