စံထားရတဲ့သူတွေရှိပါ။ ဒါပေမဲ့ ကော်ပီတော့မဖြစ်ပါစေနဲ့။

blank

သားရေ…

သား အထင်ကြီးလေးစားအားကျရတဲ့သူတွေ နယ်ပယ်အသီးသီးမှာ အများကြီးရှိတယ်လို့ ပြောတော့ မေမေက ကျေနပ်မိတယ်။ လူရယ်လို့ ဖြစ်လာရင် စံပြုထိုက်တဲ့လူသားတွေ ရှိတာအကောင်းဆုံးပေါ့။ သူတို့တွေ ကို အားကျမှ ကိုယ်လည်း ကြိုးစားချင်စိတ်ရှိမယ်။ ဒါပေမဲ့ မေမေကတော့ သားကို အဲ့ဒီအဆင့်မှာပဲ ရပ်စေချင် တယ်။ သူတို့နဲ့တစ်ပုံစံတည်းဖြစ်အောင် ကြိုးစားတာမျိုးအထိ မဖြစ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူများ ခြေရာနင်းတာဟာ ဒုတိယလူပဲဖြစ်မှာပါ။ ဒုတိယလူဟာလည်း ဘယ်တော့မှ ပထမလူမဖြစ်နိုင်ပါဘူး။

ဒါကြောင့် သားအားကျရတဲ့သူတွေနဲ့ တစ်ထေရာတည်းဖြစ်အောင် ကြိုးစားမယ့်အစား သားရဲ့ကိုယ်ပိုင် စိတ်ကူးအိပ်မက်တွေကိုသာ စွန့်ဦးတီထွင်ကြိုးစားပါ။ အကြီးမားဆုံးအောင်မြင်တဲ့ ကော်ပီမဖြစ်ချင်ပါနဲ့။ သေး သေးလေးပဲအောင်မြင်မယ်ဆိုရင်တောင် မူရင်းပဲဖြစ်အောင် ကြိုးစားပါ။ မူရင်းကသာ တာရှည်ခံပါတယ်။ တန်ဖိုး ရှိပါတယ်။ သားလေးစားအားကျရသူတွေဆီက ဒါလေးတွေပဲ ယူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၁။ သူတို့ဘာတွေလုပ်နေကြလဲ။

၂။ သူတို့ဘာကြောင့် အောင်မြင်နေကြတာလဲ။

၃။ ဘယ်လိုအချက်တွေကြောင့် သူတို့က လူတွေရဲ့စံပြတွေဖြစ်နေကြတာလဲ။

ဒါတွေက သားအောင်မြင်မှုအတွက် အကောင်းဆုံး အထောက်အကူတွေဖြစ်စေမှာပါ။ ဘဝခရီးမှာ အောင်မြင်ပျော်ရွှင်ပါစေ သားရေ။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။