3 in 1 ကော်ဖီလို ချစ်ခြင်းမျိုးနဲ့ သမီးလေးကို တွေ့ဆုံစေချင်တယ်။

blank

သမီးလေးရေ….။

မေမေမနေ့က တွေးမိသွားတာလေး တစ်ခုရှိတယ်။ ကောင်မလေးတစ်ယောက်ရမယ့် ချစ်ခြင်းတရားမျိုးဟာ 3 in 1 ကော်ဖီလို ချစ်ခြင်းတရားမျိုးနဲ့ တူရင် ဘယ်လောက်များကောင်းလိုက်မလဲ။

ဖခင်တစ်ယောက်လို လုံခြုံနွေးထွေးတဲ့ချစ်ခြင်းမေတ္တာမျိုး

အစ်ကိုတစ်ယောက်လို အေးမြတဲ့ချစ်ခြင်းမေတ္တာမျိုး

သူငယ်ချင်းကောင်းတစ်ယောက်လို ပွင့်လင်းတဲ့ဆက်ဆံရေးတွေပါဝင်နေတဲ့ ချစ်ခြင်းတရားမျိုးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တီတီတာတာမပြောရင်တောင် ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူရဲ့ အသည်းကိုမခွဲသလို၊ အမြဲတမ်းငြင်းခုံရန်ဖြစ်နေပေမယ့် အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ရဲ့ ခံစားချက်တွေကို မထိခိုက်စေသလို၊ သွေးမတော်သားမစပ်ပေမယ့် ရင်းနှီးပွင့်လင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်လို ချစ်ခြင်းတရားမျိုးကို ပိုင်ဆိုင်ထားတဲ့သူဟာ ဘယ်လောက်များကံကောင်းလိုက်မလဲ။

တစ်နေ့နေ့မှာ သမီးလေးအချစ်ကိုရှာတွေ့ခဲ့ရင် 3 in 1 ကော်ဖီနဲ့တူတဲ့ သုံးရောင်ခြယ်အချစ်တစ်ခုကို ရှာတွေ့နိုင်ပါစေ။

သမီးလေးရဲ့မေမေ