ပိန်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ဒါလေးမပြောပါနဲ့။

blank

ချစ်သူသက်တမ်းကြာတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးမှုတွေ ပိုလာပြီး စနောက်တာတွေရှိလာပါတယ်။ အဲ့ဒီအခါမျိုးမှာ တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကိုတစ်ယောက် လှောင်ပြောင်သရော်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲ့ဒါတွေဟာ အချစ်ခရီးကို အနှောင့်အယှက်လေးတွေဖြစ်တတ်တာကြောင့် ပိန်တဲ့ကောင်မလေးတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ဒါလေးတွေကို ရှောင်ရှားလိုက်ပါနော်။

၁။ အစားများများစားဖို့ ခဏခဏမပြောပါနဲ့။

၂။ ချစ်က ပိန်တော့ ဘာပဲဝတ်ဝတ်လိုက်တယ်လို့ မပြောပါနဲ့။

၃။ ချစ်ကပိန်တော့ အစားလျှော့စရာမလိုဘူးနော်လို့ မပြောပါနဲ့။

၎။ “နည်းနည်းလေးဝအောင်လုပ်ဦး” တို့ “လေတိုက်ရင် လွှင့်ပါသွားမယ်” တို့ စတဲ့ စကားတွေနဲ့ မထိုးနှက်ပါနဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ “ငပိန်” တို့ “စာခြောက်ရုပ်” တို့ စတဲ့ နာမည်ပြောင်တွေနဲ့ မခေါ်ပါနဲ့။

ပိန်တဲ့ကောင်မလေးတွေဟာ….။

ပေါ့ပါးသွက်လက်တယ်။

စမတ်ကျတယ်။

နိုင်ငံတကာ စံချိန်မှီတယ်။

ဖက်ရှင်ကျလှပတယ်ဆိုတဲ့ အားသာချက်တွေအပြင် သင်ချီပိုးရတာလည်း လွယ်တယ်မဟုတ်လား။ ဒါ့ကြောင့် စလင်းလေဒီတစ်ယောက်နဲ့ ဒိတ်နေတယ်ဆိုရင် ဂုဏ်ယူလိုက်ပါနော်။