ဒီခေတ်ကြီးထဲမှာ ရည်းစားထားရတာ စိတ်မချရတော့ဘူးလား။

ကျွန်မတို့ချစ်သူသက်တမ်း ၃ နှစ်ရှိပါပြီ။ နှစ်ဖက်မိဘလည်း သဘောတူပါတယ်။ သူနဲ့ကျွန်မလည်း ပြ ဿနာအထွေအထူးမရှိပါဘူး။ တွဲခဲ့တဲ့ ၃ နှစ်အတွင်း နှစ်ယောက်သားအကြိုက်တူလွန်းလို့ ချစ်သူဆိုတာထက် သူငယ်ချင်းလို၊ ညီမအစ်မတစ်ယောက်ရသလိုကို စိတ်ထဲအမြဲတမ်းခံစားရတာပါ။ သူက ဆေးလိပ်၊ အရက် လည်းကင်းတော့ ကျွန်မကိုယ်ကျွန်မ သိပ်ကံကောင်းတဲ့သူလို့လည်း ထင်ခဲ့မိတယ်။

ဒါပေမဲ့ အခုကျတော့ သူ့ကို ယူရမလား၊ မယူရဘူးလား စဉ်းစားနေရပါပြီ။
ကျွန်မရည်းစားမှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်က တော်တော်ချစ် ကြပါတယ်။ တစ်ခါတလေ ကျွန်မတို့အပြင်သွားရင်တောင် ကျွန်မရည်းစားက သူ့သူငယ်ချင်းကို ခေါ်လာဖူးပါ တယ်။ သူ့သူငယ်ချင်းက ကောင်မလေးမရှိပါဘူး။ အခုသူများတွေက သူတို့က ကျောင်းကတည်းက အတွဲတွေ လို့ ပြောပါတယ်။

ကျွန်မရည်းစားကို လူတွေက လျှောက်ပြောတာပါလို့ အေးအေးဆေးဆေးပဲ ပြောပါတယ်။ ပြောတဲ့လူတွေကို စိတ်ဆိုးပုံလည်း မပြပါဘူး။ ကျွန်မတို့က အခု အသက် ၂၅ မပြည့်သေးတော့ ကျွန်မကော ကျွန်မမိဘတွေကပါ အေးအေးဆေးဆေးနေစေချင်သေးပေမယ့် သူ့မိဘတွေ ( အထူးသဖြင့် သူ့အမေက ကျွန်မ တို့ရည်းစားစဖြစ်ကတည်းက အတင်းယူခိုင်းနေတာပါ) အစက သဘောမပေါက်ပေမဲ့ အခုကျတော့ ကျွန်မသံသ ယဝင်နေမိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ပြီးတော့ သူ့သူငယ်ချင်းနဲ့တွဲသွားတွဲလာလုပ်ရင်လည်း သူ့အမေကမကြိုက်ဘူးလို့ သိရပါ တယ်။ ဘာကြောင့်မကြိုက်တာလဲ။ မသောက်မစား၊ အေးအေးဆေးဆေးနေတဲ့သူက ကိုယ့်သားနဲ့သူငယ်ချင်း ဖြစ်နေတာကို မကြိုက်တဲ့အမေတွေရှိနိုင်လို့လား။ ယောက်ျားလေးချင်းယူသွားမှာစိုးလို့ ကျွန်မနဲ့ အတင်းအိမ် ထောင်ပြုစေချင်တာလား။

ကျွန်မရည်းစားကို ကျွန်မချစ်ပေမဲ့ သူ့မှာ ယောက်ျားချင်းကြိုက်နေတာရှိရင်တော့ မယူချင်ပါဘူး။ သူတို့တွေက ဘယ်တော့မှ မပြတ်နိုင်ဘူးလို့ ကြားဖူးပါတယ်။ ဟုတ်ပါသလား။ တကယ်ဟုတ် တယ်ဆိုရင် ကျွန်မရည်းစားကကော ကျွန်မလို မိန်းမစစ်စစ်ကို ချစ်နိုင်ယူနိုင်သေးတယ်လား။ အွန်လိုင်းပေါ်မှာ လည်း အဲ့ဒီလို video တွေအများကြီးတွေ့နေတော့ ကျွန်မကြောက်ပါတယ်။ ယူပြီးရင် ကျွန်မတို့ အိမ်ထောင်ရေး အဆင်ပြေပါ့မလား။ တခြားသူတွေကို ပြောပြရမှာကလည်း နှစ်ဦးနှစ်ဖက်သိက္ခာကျလို့ မပြောပြရဲပါဘူး။ ဘာ ဆက်လုပ်ရမလဲမသိတော့ပါဘူး ဂန္ထဝင်ရေ။

စာချစ်သူတို့လည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် “မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” သို့ မိမိတို့ရဲ့ခံစားချက် လေးတွေကို မက်ဆေ့ခ်ျကနေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။