မိန်းကလေးတွေ အလှပြင်တိုင်း ယောက်ျားရချင်လို့လား။

blank

ဂန္ထဝင်ရေ…

လူတွေကို တော်တော်အချဉ်ပေါက်လာလို့ ရင်ဖွင့်ဦးမယ်နော်။

ကျွန်မက အသက်အစိတ်ကျော်ပါပြီ။ တစ်သက်လုံး အလှအပကို စိတ်မဝင်စားဘဲ နေလာခဲ့တာပါ။ အခုကျမှ အွန်လိုင်းပေါ်မှာ သူများတွေလှနေတာတွေမြင်ပြီး ကျွန်မပါ skin care တွေလုပ်လာပါတယ်။ အလှလေးတွေ ပြင်ချင်လာပါတယ်။ တချို့လူတွေက “ အပျိုကြီး တွေ့နေပြီထင်တယ်။ အလှတွေဘာတွေပြင်လို့ ” လို့ ပြောကြ ပါတယ်။ အဲ့ဒီအထိက တော်ပါသေးတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေကတောင် “ အရွယ်ဟိုင်းပြီဆိုတော့ ပြင်မှပဲ ရတော့မှာ” ဆိုတာမျိုးတွေ အတင်းပြောတာ ပြန်ကြားရတော့ တော်တော်စိတ်တိုဒေါသထွက်ရပါတယ်။

လှချင်လာတိုင်း ယောက်ျားရချင်လို့မှမဟုတ်တာ။ မလှတဲ့သူတွေလည်း ယောက်ျားတွေရနေကြတာ ကျွန်မမြင် ပါတယ်။ လှတာမလှတာနဲ့ ယောက်ျားရတာမဆိုင်ဘူးလို့ ထင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါဦးမယ်။Facebook ပေါ် ပုံတင်ရင်လည်း ယောက်ျားရချင်လို့၊ ရည်းစားရချင်လို့လို့ ထင်ကြပါတယ်။ ကိုယ့်ပုံလေးတွေ လှရင် ကိုယ့် wall ပေါ်ကိုယ်တင်ချင်တာ အပြစ်လားရှင့်။ ကိုယ့် wall ပေါ်မှ ကိုယ်တင်ချင်တာလေးတွေ မတင်ရ ရင် ကျွန်မတို့က ဘယ်မှာသွားတင်ရမှာလဲနော်။

လူတွေနဲ့တော့ တော်တော်ခက်ပါတယ်။ ယောက်ျား လိုချင်လို့ မဟုတ်ဘဲ ရိုးရိုးသားသားလှချင်လာလို့ပါဆိုတာကိုလည်း တစ်ယောက်ချင်းစီလိုက်ရှင်းပြနေလို့လည်းမရတော့ ကျွန်မမှာ ဆက်ပြီးတော့ပဲ အလှပြင်ရမလား။ သူတို့ပြောတာတွေမကြိုက်လို့ အရင်လိုပဲ နေရမလားမသိတော့ ပါဘူး။

ဂန္ထဝင်ကော ဘယ်လိုမြင်လဲ။