သြဂုတ်လမွေးနေ့ရှင်လေးတွေနဲ့ ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့ အချက် ၁ဝ

blank
၁။ ပြီးပြည့်စုံမှုကို ကြိုက်တယ်။

ဘာပဲလုပ်လုပ် အပြစ်အနာအဆာကင်းတာကို ကြိုက်ကြသူတွေပါ။ အခန်းထဲ ရှုပ်ပွနေတာ၊ အ ဝတ်တွေကို မလျှော်ဘဲ စုပုံထားတာတွေကို သူတို့သည်းမခံနိုင်ကြပါဘူး။ ဒါကြောင့် သူတို့နဲ့ တွဲမယ်ဆို ရင် အရာရာကို စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်လုပ်ဆောင်တတ်ရင် ပိုအဆင်ပြေပါတယ်။

၂။ နည်းနည်းအငြင်းသန်တယ်။

အငြင်းပွားတဲ့အခါ အနိုင်မရမချင်း မပျင်းမရိ ငြင်းခုံတတ်သူတွေဖြစ်ပါတယ်။ သူတို့ဘက်က အ မြဲမှန်တယ်လို့လည်း ထင်တတ်ကြတယ်။ ချစ်စရာကောင်းတဲ့အမူအကျင့်လေးကတော့ သူတို့ထင်တာ မှားနေတယ်ဆိုတာ သိရင်လည်း ပြန်တောင်းပန်တတ်ကြတာပါပဲ။

၃။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးထားတယ်။

တစ်ခါတရံမှာ သူတို့ခံစားချက်တွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့အတွက် အချိန်ယူရ တာရှိပါတယ်။ အဲ့ဒီအချိန်လေးမှာ စိတ်ရှည်ရှည်နဲ့သည်းခံစောင့်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။ သင့်ကို ဖွင့်မပြောတာဟာ သင့်ကိုမချစ်လို့မဟုတ်ဘဲ သူတို့ခံစားချက်တွေအတွက် ကိုယ်ပိုင်အချိန်လိုအပ်လို့ ဖြစ်ပါတယ်။

၎။ စာရေးကောင်းတယ်။

သူတို့ရဲ့အမူအကျင့်တစ်ခုကတော့ သူတို့ခံစားချက်တွေကို ပါးစပ်နဲ့ ဖွင့်ပြောဖို့ ဝန်လေးကြတာ ပါပဲ။ ဒီအချက်ကပဲ သူတို့ကို စာရေးကောင်းသူတွေဖြစ်လာစေပါတယ်။ သူတို့ခံစားချက်တွေ၊ အတွေး အမြင်တွေကို စာနဲ့တိတိကျကျရှင်းရှင်းလင်းလင်းဖော်ပြနိုင်တာကြောင့် သူတို့နဲ့ချစ်သူဖြစ်မယ်ဆိုရင် သူတို့ဆီက ပေးပို့တဲ့ မက်ဆေ့ခ်ျလေးတွေကို အမြဲဖတ်ခွင့်ရမှာပါ။

၅။ ငွေအသုံးအစွဲစည်းစနစ်ရှိတယ်။   

ငွေကြေးစီမံခန့်ခွဲမှုမှာတော့ အတော်ဆုံးမွေးလပိုင်ရှင်တွေပါပဲ။ ဒါကြောင့် ဘယ်တော့မှ အ ကြွေးမရှိကြတဲ့သူတွေပါ။ တခြားသူတွေဆီကလည်း ငွေလွယ်လွယ်မချေးတတ်ကြပါဘူး။ ချွေတာသုံး စွဲပြီး စုဆောင်းတတ်ကြသူတွေမို့ သူတို့နဲ့တွဲမယ်ဆိုရင် အနာဂတ်အတွက်တော့ ပူစရာမလိုပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ ခေါင်းမာတယ်။

မှန်တယ်ထင်ရင် နောက်မဆုတ်တတ်ကြတာက သူတို့ရဲ့သင်္ကေတပါပဲ။ အများနဲ့တစ်ယောက် ဖြစ်နေပါစေ ခေါင်းမာမာနဲ့ နေနေတတ်ကြပါတယ်။ သူတို့နဲ့ချစ်သူဖြစ်မယ်ဆိုရင် ခေါင်းမာတတ်တဲ့ အ ကျင့်လေးကိုတော့ နားလည်ခွင့်လွှတ်ပေးဖို့ လိုပါလိမ့်မယ်။

၇။ တစ်ခါတလေ ဇီဇာကြောင်တယ်။

လူတိုင်းကို တော်ရုံမရင်းနှီးတတ်ကြပါဘူး။ ကိုယ်ပိုင်စည်းမျဉ်းတွေ၊ စည်းဘောင်တွေရှိပြီး စနစ် ကျကျနေတတ်တာကြောင့် ဇီဇာကြောင်တယ်လို့ အများက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ ချစ် တဲ့သူတွေနဲ့ပတ်သက်လာရင်တော့ အချစ်တွေအပြည့်အဝပေးတတ်ကြသူတွေပါ။

၈။ ငြီးငွေ့လွယ်တတ်တယ်။

အရာရာတိုင်းကို ခဏလေးနဲ့ ငြီးငွေ့လွယ်တတ်သူတွေပါ။ ဒါကြောင့် သူတို့နဲ့ချစ်သူဖြစ်မယ်ဆို ရင် တီထွင်စိတ်ကူးဉာဏ်လေးတွေ ရင့်သန်ရင် ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့အလေးအနက်ထား တဲ့သူတွေနဲ့ပတ်သက်လာရင်တော့ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် တန်ဖိုးထား လက်တွဲတတ်ကြသူတွေပါ။

၉။ စိတ်ဆိုးစိတ်တိုလွယ်တယ်။

ကြီးမားတဲ့ကိစ္စတွေကို သည်းခံနိုင်ပေမဲ့ အသေးအဖွဲကိစ္စလေးတွေကိုတော့ စိတ်ဆိုးတတ်ကြ သူတွေပါ။ အမေးအမြန်းထူတာတွေကိုလည်း မကြိုက်ကြပါဘူး။ ဒါကြောင့် သူတို့နဲ့တွဲမယ်ဆိုရင် သူတို့ စိတ်ဆိုးတတ်တဲ့ကိစ္စလေးတွေကို သတိပြုဖို့ လိုပါတယ်။

၁ဝ။ ခံစားချက်တွေကို ထုတ်ဖော်ပြသတတ်တယ်။

သူတို့မျက်နှာကိုကြည့်တာနဲ့ ပျော်ရွှင်နေလား။ ဝမ်းနည်းနေလား။ ဒေါသထွက်နေလား။ စိတ် လှုပ်ရှားနေလားဆိုတာ ခန့်မှန်းနိုင်လောက်အောင် ထုတ်ဖော်ပြတတ်သူတွေပါ။ သူတို့ခံစားချက်တွေကို သိရှိခွင့်ရခြင်းအားဖြင့် မျှဝေခံစားပေးလို့ ရပါတယ်။

သင့်ချစ်သူက သြဂုတ်လမှာ မွေးဖွားသူတစ်ယောက်ဆိုရင် mention လေး ခေါ်ခဲ့ပါဦးနော်။