အသည်းကွဲပြီးနောက် သင့်ကိုယ်သင်ပြန်ရှာတွေ့နိုင်မယ့် နည်းလမ်း ၁ဝ

ချစ်သူနဲ့အတူ သာယာခဲ့ဖူးတဲ့ လောကကြီးကလည်း အခုအကျည်းတန်နေပြီလား။ အထိမ်းအမှတ်နေ့ တွေတိုင်း ရောက်လာနေကျ ပန်းစည်းလှလှလေးတွေလည်း ရောက်မလာတော့ဘူးလား။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အတူတူဒင်နာစားချိန်လေးတွေ တစ်သက်စာအဆုံးသတ်သွားပြီလား။ နှစ်ကိုယ်ကြားသာ သိတဲ့ ဟာသလေးတွေကို ဘယ်တော့မှ အတူရယ်မောခွင့်မရှိတော့ဘူးလား။

လမ်းခွဲခြင်းက နာကျင်စရာပါ။ အသည်းကွဲခြင်းကလည်း အိပ်မက်ဆိုးကြီးတစ်ခုလိုပါ။ ဒါပေမဲ့ အဲ့ဒီအိပ် မက်ဆိုးကြီးကနေ နိုးထဖို့ သင့်ကိုကူညီမယ့် နည်းလမ်းလေး ၁ဝ ခု ရှိပါတယ်။

၁။ သင့်ကိုယ်သင် ပူဆွေးဝမ်းနည်းချိန်ပေးလိုက်ပါ။

၂။ ခံစားချက်တွေကို အရှိအတိုင်း စီးမျောခွင့်ပေးလိုက်ပါ။ ဒါပေမဲ့ အသည်းကွဲခြင်းက သင့်ဘဝတစ်ခုလုံးကို ဝါးမျိုသွားတာမျိုး မဖြစ်ပါစေနဲ့။

၃။ တလျှောက်လုံး သင့်ကိုယ်သင် အပြစ်တင်နေတာကို လုံးဝရပ်ပါ။

၎။ နာကျင်မှုတွေထပ်ခါတလဲလဲပြန်ပေါ်လာအောင် နှိုးဆွပေးနေတဲ့ အရင်းအမြစ်တွေနဲ့ ဝေးဝေးနေပါ။

၅။ သင်လုံးဝလဲပြိုကျရှုံးမသွားသေးသရွေ့ ဘယ်လောက်ပဲခံစားမှုပြင်းထန်ထန် အဆင်ပြေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာစေရမယ်လို့ သင့်ကိုယ်သင်ကတိပေးပါ။

၇။ ဖြစ်ပြီးခဲ့သမျှထဲက ကောင်းကွက်တွေကို မြင်အောင်ကြည့်ပါ။

၈။ လက်ရှိသင့်ကိုယ်သင်အပေါ် အာရုံစိုက်ပါ။

၉။ သင့်ကိုစွန့်လွှတ်သွားတဲ့သူတွေအတွက်နဲ့ အချစ်ကို မမုန်းလိုက်ပါနဲ့။

၁ဝ။ သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်ဆိုတာ လက်ခံပါ။ သင့်ကိုယ်သင် အပြည့်အဝချစ်ပါ။

ယုံပါ… နာကျင်မှုတွေက ပြန်ရုန်းထလာတဲ့သင့်အတွက်၊ ရင့်ကျက်လာတဲ့သင့်အတွက် ပိုကောင်းတဲ့ လောကကြီးက စောင့်ကြိုနေပါတယ်။

သင်ကော သင့်အသည်းကွဲဝေဒနာတွေကနေ ရုန်းထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား။