အကြာကြီးတွဲလာပြီး ခုထိယူမယ်မပြောသေးတဲ့ချစ်သူကို ဖြတ်ရမလား။ ဆက်တွဲရမလား။

blank

သူများတွေ ရင်ဖွင့်နေကြတာတွေ့လို့ ကျွန်မလည်း ရင်ဖွင့်ပါရစေ။ ပြောရမှာလည်း ရှက်ပါတယ် ဂန္ထဝင် ရေ။ ဒါပေမဲ့ ဘာလုပ်ရမလဲ ဝေခွဲမရတော့လို့ပါ။

ကျွန်မတို့နှစ်ယောက်ချစ်သူဖြစ်တာ ကျောင်းပြီးကတည်းကပါ။ အခုဆိုရင် ၁ဝ နှစ်ရှိပါပြီ။ တွဲတာ ကြာ လာပြီမို့ နှစ်ဖက်မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းအားလုံးသိကြပါတယ်။ ချစ်သူသက်တမ်းကြာလာတော့ ချစ်သူ ဆိုတာထက် ရဲဘော်ရဲဘက်မောင်နှမလိုတောင်ဖြစ်နေပါပြီ။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ကာလတွေလည်းကျော် လွန်ခဲ့ပြီဆိုတော့ အခုက အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ ရှက်ရှက်နဲ့ပြောရရင် ၁ဝ နှစ်လောက်အထိ တွဲလာပြီ ဆိုတော့ ကျွန်မက လက်ထပ်ချင်နေပါပြီ။ အတူတူအတွဲဖြစ်လာတဲ့ သူငယ်ချင်းတွေလည်း စွံကုန်ကြပြီ။ သီတင်း ကျွတ်ရောက်တိုင်းလည်း ဟိုလူကမေး၊ ဒီလူကမေးနဲ့။ သူကတော့ တုပ်တုပ်မှမလှုပ်ပါဘူး။ လက်ထပ်ဖို့ အစီအ စဉ်ဆွဲနေတာလည်း မရှိပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မဘက်ကလည်း စမပြောချင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒီ ၁ဝ နှစ်အ တွင်း တခြားမိန်းကလေးတွေကိုလည်း လုံးဝစိတ်မဝင်စားခဲ့လို့ သူ့သစ္စာကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ သူ ဘာလို့ ကျွန်မကို ခုထိလက်ထပ်မယ်မပြောသေးတာလဲ မသိပါဘူး။ ကျွန်မတို့က သူဌေးတွေမဟုတ်ပေမဲ့ လက် ထပ်ဖို့ခက်ခဲလောက်အောင် အဆင်မပြေသူတွေမဟုတ်ပါဘူး။ အသင့်တင့်နေနိုင်စားနိုင်သူတွေထဲကပါ။ သူများ တွေက မေးတယ်ဘာညာနဲ့ ရေလာမြောင်းပေးပြောတော့လည်း သူက “ လူတွေကတော့ ဒီလိုပါပဲ။ သူများကိစ္စ ဆို ဝင်ပါချင်ကြတယ်” လို့ပဲ ပြောပါတယ်။ နှစ်ယောက်တွဲပြီး သူများတွေက စရင်လည်း “ ဖြည်းဖြည်းပေါ့” လို့ပဲ ဖြေပါတယ်။ အသက် ၃ဝ စွန်းလာပြီဆိုတော့ ကျွန်မလည်း စဉ်းစားလာရပါပြီ။

အခုအချိန်အထိ ကျွန်မကို လက် ထပ်ဖို့စိတ်ကူးမရှိသေးတဲ့သူကို ပွင့် ပွင့်လင်းလင်းပြောပြီးတော့ပဲ လမ်းခွဲလိုက်ရမလား။ ဆက်တွဲနေရင်လည်း ကျွန်မပဲ ကြာလေနစ်လေဖြစ်မလား လို့ပါ။ အခုတောင် သူများတွေတစ်ခါမေးတိုင်း တစ်ခါစိတ်ညစ်ရပါတယ်။ ရှက်လည်း ရှက်ပါတယ်။ ယောက်ျားတွေက အကြာကြီးတွဲလိုက်ရင် လက်မထပ်ချင်ကြတော့ဘူးလားလို့ တွေးမိ ပါတယ်။

ကျွန်မဘာဆက်လုပ်ရင်ကောင်းမလဲ ဂန္ထဝင်ရေ။