ကျွန်မဘေးတစ်သက်လုံးအတူရှိသွားမယ့်သူဟာ ရှင်ပဲဖြစ်စေချင်တယ်။

blank

ချစ်ရတဲ့သူရေ…

အသက်အရွယ်တွေအိုမင်းလာကြတဲ့တစ်နေ့၊ ငွေရောင်ဆံပင်တွေက ခေါင်းပေါ် ဖွေးဖွေးလှုပ်ပြီး ရွတ် တွနေတဲ့ခန္ဓာကိုယ်သေးသေးလေးက မြဲမြဲရပ်ဖို့တောင် မစွမ်းသာတော့တဲ့အချိန်မှာ ကျွန်မဘေးအတူရှိနေပေး မယ့်သူဟာ ရှင်ပဲ ဖြစ်စေချင်ပါတယ်။

ကလေးတွေအရွယ်ရောက်ကြီးပြင်းကုန်ပြီး ကျွန်မတို့ကို ခွဲခွာသွားကြချိန်မှာ သူတို့ငယ်ငယ်က အ ကြောင်းလေးတွေ ပြန်ပြောင်းပြောဆိုရင်း အတူတူရယ်မောလွမ်းဆွတ်မိမယ့်သူဟာလည်း ရှင်ပဲ ဖြစ်စေချင် ပါတယ်။

ခြံထဲမှာ အတူတူထိုင်ရင်း ကျွန်မတို့ကျော်လွန်ဖြတ်သန်းခဲ့ကြရတဲ့ ခက်ခဲကြမ်းတမ်းချိန်တွေအကြောင်း ပြန်ပြောရင်း အတူတူမျှဝေခံစားပေးမယ့်အဖော်ဟာလည်း ရှင်ပဲ ဖြစ်စေချင်ပါတယ်။ ဥပမာ- အဲ့ဒီအချိန်တုန်းက ရှင်အလုပ်ပြုတ်ခဲ့တယ်။ ကလေးတွေ သိပ်ငယ်လွန်းသေးချိန်မှာ ကျွန်မမိခင်က ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်နေ ရတယ်။  အဲ့ဒီလိုအကြောင်းတွေပေါ့။

အိမ်ထောင်ရေးမှာ ဝန်ထုပ်ဝန်ပိုးတွေများလာတိုင်း ကျွန်မတို့ရဲ့ အောင်မြင်မှုတွေကို ပြန်တွေးပျော်ရွှင် ကြမယ်လေ။ အချစ်ဆိုတဲ့အရာကတော့ ကျွန်မတို့နှစ်ယောက်ရဲ့အကြီးမားဆုံး အောင်မြင်မှုပေါ့။ အဲ့ဒီပျော်ရွှင်မှု လေးကိုလည်း ရှင်နဲ့အတူပဲ မျှဝေခံစားချင်ပါတယ်။

ကျွန်မ မကျန်းမာလာတဲ့အခါ၊ ဒါမှမဟုတ် အသက်အရွယ်ရလာတဲ့အခါ ကျွန်မဘေးမှာ ရှိနေတဲ့သူဟာ ရှင်ပဲဖြစ်စေချင်ပါတယ်။

ရှင်ကလွဲပြီး တခြားသူမဖြစ်စေချင်ပါဘူး။

ကျွန်မထိတ်လန့်ကြောက်ရွံ့နေတဲ့အခါ၊ အိမ်ရာထဲလဲနေတဲ့အခါ ကျွန်မဘေးမှာ ရှိနေစေချင်တဲ့သူဟာ ရှင်ပါပဲ။ ကျွန်မမျက်လုံးတွေထဲကို ကြည့်ပေးပါ။ လောကကြီးကနေ ထွက်ခွာသွားဖို့က အဆင်ပြေတယ်လို့  ကျွန် မကို အားပေးစကားပြောမယ့်သူဟာ ရှင်ပဲ ဖြစ်ပေးပါ။

အခုအချိန်ဟာ ကျွန်မတို့ငယ်ရွယ်ကြပါသေးတယ်။ ဒါပေမဲ့ အခက်အခဲတွေကြုံလာတိုင်း ကျွန်မတို့ နှစ် ယောက်ရဲ့ နောက်ဆုံးအချိန်အထိ ကျွန်မစဉ်းစားလိုက်ရင် ကျွန်မဘေးမှာ အတူရှိသွားစေချင်တဲ့သူဟာ ရှင်ပဲ ဆိုတာ ပိုပိုပြီး သေချာလာတယ်။

ရှင့်ကို ကျွန်မချစ်တယ်။ ပြီးတော့ ရှင်နဲ့အတူ ရှင့်အကောင်းအဆိုးတိုင်းကို အတူမျှဝေခံစားကျော်ဖြတ် ပေးသွားမယ့်သူကလည်း ကျွန်မပဲ ဖြစ်ချင်ပါတယ်။

ရှင်ကော ဘဝရဲ့အကောင်းအဆိုးအားလုံးကို ကျွန်မနဲ့လက်တွဲမဖြုတ်စတမ်းအတူတူ ရင်ဆိုင်ကျော်ဖြတ် ဖို့ အဆင်သင့်ဖြစ်နေပြီလား။

ဒီစာစောင်လေးဖတ်ပြီး သတိရလိုက်မိတဲ့သူရှိရင် mention လေးခေါ်ခဲ့ပါဦးနော်။