“ သူငယ်ချင်းအဖွဲ့တိုင်းမှာ တွေ့ရတတ်တဲ့ လူအမျိုးမျိုး

blank
၁။  ဟာသဉာဏ်ရှိသူ။

အမြဲတမ်းပျော်ရွှင်ရယ်မောနေတတ်ပြီး သူငယ်ချင်းတွေကို နောက်ပြောင်နေတတ်တဲ့သူပါ။ ကူညီပေးဖို့ ဝန်မလေးတတ်သူတွေပါ။

၂။  ဟန်ဆောင်ကောင်းသူ။

ဘာပဲလုပ်လုပ် သူတို့မဟုတ်သလိုလိုနဲ့ ခံစားချက်ကို အပြင်သိပ်မထုတ်ပြတတ်သူမို့ တော်ရုံ ခန့်မှန်းရမလွယ်တဲ့လူမျိုးတွေပေါ့။

၃။  သူငယ်ချင်းတွေရဲ့ ကိစ္စမှန်သမျှကို ဝင်ရောက်စွက်ဖက်သူ။

မိခင်တစ်ယောက်လိုလို၊ ဆရာတစ်ယောက်လိုလိုနဲ့ ဟိုဟာလုပ်၊ ဒီဟာလုပ်ဆိုပြီး စီမံခန့်ခွဲချင်တဲ့သူတွေပေါ့။

၎။  ပြဿနာကို မီးထွန်းရှာတတ်သူ။

ဘယ်နေရာမှာ ဘယ်သူ့ကို ဒုက္ခပေးရမလဲ၊ ပြဿနာရှာရမယ်ဆိုရင် ထိပ်ဆုံးကလူတွေပေါ့။

၅။ အရိပ်ပြ အကောင်မမြင်တဲ့သူ။

အကြောင်းအရာတစ်ခုခု ရှင်းပြရင် ချက်ချင်းနားလည်သဘောမပေါက်တဲ့သူတွေပေါ့။ ဘာမှမသိဘူးဆိုတာပဲ လက်ကိုင်ထားတာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကခုန်နေတဲ့သူ။

ဘယ်နေရာရောက်ရောက် သီချင်းသံကြားရင် အမြဲတမ်းထကတဲ့သူ။ ကရမယ်ဆိုရင် မရှက်တတ်သူလေးတွေပေါ့။

၇။ ရန်လိုတတ်တဲ့သူ။

အဖွဲ့ထဲမှာ ဘယ်လိုကိစ္စမဆို သဘောမတူရင် ငြင်းမယ်။ အဆင်မပြေရင် ရန်ထဖြစ်မယ်ဆိုတဲ့သူတွေပေါ့။

၈။ အစားမက်တဲ့သူ။

ဘာစားရမလဲဆိုတာပဲ စဉ်းစားနေတဲ့သူတွေပေါ့။ အစားအသောက်ဆိုရင် ထိပ်ဆုံးကပါပဲ။

၉။ ဖက်ရှင်ကျလွန်းသူ။

ခေါင်းအစ၊ ခြေအဆုံး အမြဲတမ်းသပ်ရပ်သန့်ရှင်းကာ လှပနေသလို အဝတ်အစား၊ အသုံးအဆောင်ဖက်ရှင်နဲ့ ပတ်သက်လာရင်လည်း သူငယ်ချင်းတွေကို အကြံပေးတတ်သူတွေပါ။ ဈေးဝယ်ထွက်ဖို့ဆို ထိပ်ဆုံးကနေ တက်ကြွသူတွေပေါ့။

၁ဝ။ အမြဲစမတ်ကျနေသူ။

သိပ်ကြိုးစားအားစိုက်ထုတ်စရာမလိုဘဲနဲ့ ဘာပဲလုပ်လုပ် အကောင်းဆုံးရလဒ်တွေ ရတဲ့လူမျိုးပေါ့။ ဥပမာ – စာသိပ်မကျက်ရပေမယ့် စာမေးပွဲဖြေလိုက်ရင် အမှတ်များများရတဲ့သူ။ အပျော်အပါးတွေမက်တဲ့သူမျိုးတွေပေါ့။