အချစ်ရေးမှာ သံသယစိတ်ဖြစ်တဲ့အခါ ဖတ်ဖို့..။

blank

လူတစ်ယောက်ကို ရူးသွပ်စွာချစ်မိတာတဲ့အခါ သူက ကိုယ့်လောက်ချစ်ရဲ့လား၊ သူ့မှာ နောက်ထပ်ချစ်ရမယ့်သူ ရှိနေပြီလား၊ သူကိုယ့်ကို ထားသွားမှာလား၊ စတဲ့ “လား” ပေါင်းများစွာရဲ့ နှိပ်စက်ခြင်းကို ခံစားတတ်ကြရပါတယ်။ သံသယဆိုတာ စိတ်ထဲမှာ ကြာကြာထားလေလေ၊ ဖွဲမီးလို လောက်မြိုက်စေနိုင်လေလေ ဖြစ်ပါတယ်။

သံသယတွေ၊ စွပ်စွဲမှုတွေကြောင့် ပိုမိုခိုင်မြဲပျော်ရွှင်သွားတဲ့ ချစ်သူစုံတွဲဆိုတာ မရှိပါဘူး။ ချစ်ရသူတွေ အနေနီးပေမဲ့ စိတ်ချင်းဝေးသွားအောင် ပြုစားနိုင်တာ သံသယစိတ်ပါ။ သံသယစိတ်ဟာ လက်ကိုင်ထားသူအတွက်လည်း မကောင်းသလို သံသယဖြစ်ခံရသူအတွက်လည်း ဂုဏ်သိက္ခာထိပါးတာ၊ ထိခိုက်နစ်နာတာတွေ ဖြစ်စေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သံသယစိတ်ဝင်လာပြီဆိုရင် ရင်ထဲက အသံကို သေသေချာချာ နားထောင်ပါ။ အကျိုးသင့်အကြောင်းသင့်စဉ်းစားပါ။ စိတ်ထဲမှာ သံသယဖြစ်စရာပေါ်လာတိုင်း ကျိတ်မှိတ်မျိုသိပ်တာတွေ၊ အထင်အမြင်လွဲတာတွေ မလုပ်ဘဲ ကာယကံရှင်ကို တိုက်ရိုက်မေးမြန်းပါ။ ပြဿနာမကြီးထွားခင် ဖြေရှင်းပါ။ သံသယတွေကို စွန့်လွှတ်ပြီး နှစ်ယောက်အတူ အဖြေရှာပါ။ သံသယကင်းဝေးပြီး ပျော်ရွှင်ခိုင်မာတဲ့ အချစ်ကမ္ဘာလေးတစ်ခုကို အတူတကွတည်ဆောက်ကြပါစေ။