သားလေးကို နှမချင်းစာနာတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်စေဖို့ ရေးမိတဲ့စာ

blank

သားရေ…

အခုတလော သွားရင်းလာရင်း တွေ့မိတာလေးတွေနဲ့ ဆက်စပ်ပြီး သားကို ပြောစရာလေးရှိလို့ပါ။ တစ် နေ့က မေမေတို့လမ်းထိပ်မှာ သားတို့အရွယ်ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ အနမ်း ပေးနေကြတယ်။ လမ်းသွားလမ်းလာတွေကလည်း အများကြီးရှိနေသလို လမ်းတစ်ဖက်မှာလည်း ဆိုက်ကား ဂိတ်ဆိုတော့ ဘာပြောကောင်းမလဲသားရယ်။ မေမေကတော့ မိန်းကလေးမိဘတွေကိုပဲ လှမ်းမြင်စာနာမိတယ်။ တစ်ရက်ကလည်း YBS ပေါ်မှာ တစ်ကားလုံးကို ဂရုမစိုက်ဘဲ အနမ်းပေးနေကြတဲ့ လူငယ်စုံတွဲလေးကို မြင်ခဲ့ပြီး ပြီ။ တချို့တွေကလည်း ဖုန်းကင်မရာနဲ့ ရိုက်နေကြတယ်။ အဲ့ဒီပုံတွေဟာ အွန်လိုင်းပေါ် ပျံ့သွားမလား၊ ဘယ် ရောက်သွားမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးပေါ့။ တိုးတက်လာတဲ့ခေတ်အနေအထားအရပွင့်လင်းမြင် သာရှိသင့်တဲ့အရာတွေ ရှိလာကြပြီဆိုတာ ပညာတတ်အမေတစ်ယောက်အနေနဲ့ မေမေမငြင်းပါဘူး။ လူငယ် တွေက မြန်မာဇာတ်ကားတွေထက် အနောက်တိုင်းဇာတ်ကားတွေကို ပိုကြိုက်ကြတာကိုလည်း မေမေအပြစ် မဆိုချင်ပါဘူး။ ဒါပေမဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေကိုပါ ကိုယ့်ယဉ်ကျေးမှုလို လွယ်လွယ်လေးလွှမ်းမိုးခံလာ ကြတာကိုတော့ မေမေရင်လေးမိတာအမှန်ပဲ။ အရွယ်ရောက်လို့ ချစ်သူရည်းစားထားတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရှက်သင့်တာကို ရှက်တတ်တဲ့၊ ဘေးဘီဝန်းကျင်ကို အလေးမထားဘဲ လူရှေ့သူရှေ့မှာ မထော်မနန်းတွေ ပြုလုပ်တတ်တဲ့ အငှားယဉ်ကျေးမှုတွေကိုတော့ မေမေတို့ဆီ ဝင်မလာစေချင်တာ အမှန်ပါပဲ။ အထူးသဖြင့် သမီး မိန်းကလေးတွေ ပိုနစ်နာပါတယ်။ မြန်မာ့ဝန်းကျင်မှာ မြန်မာမိန်းကလေးဆိုတာ ရင်ဖုံး၊ ထမီနဲ့ပဲနေရမယ် မပြော ပေမဲ့ အိနြေ္ဒသိက္ခာနဲ့ နေသင့်ပါတယ်။ မေမေက သားမွေးထားတဲ့သူဆိုတော့ သားကိုလည်း ဆုံးမချင်ပါတယ်။ သားကို မေမေက ပညာတတ်ကြီးတစ်ယောက်၊ ကိုယ်ရွေးချယ်ရာအလုပ်မှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်စေချင်တယ်။ အဲ့ဒါတွေထက် ပိုဖြစ်စေချင်ဆုံးကတော့ ယောက်ျားကောင်းတစ်ယောက်ပါပဲ။ သူများသား သမီးကို မချစ်ဘဲနဲ့ အပျော်မတွဲဖို့၊ မယူနိုင်ဘဲ အရှက်တကွဲအကျိုးနည်းဖြစ်အောင် မလွန်ကျူးခဲ့ဖို့၊ ကိုယ်ချစ်တဲ့ မိန်းကလေးကို လူအများရှေ့သိက္ခာကျစေမယ့်၊ အထင်အမြင်သေးစေမယ့်အပြုအမူတွေ မပြုလုပ်တတ်တဲ့၊ နှမချင်းစာနာတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်စေချင်တာ မေမေ့ရဲ့အကြီးမားဆုံးဆန္ဒပါပဲ။

မိန်းမသားတွေရဲ့ဘဝသာယာလှပဖို့ဆိုရင် လောကကြီးမှာ နှမချင်းစာနာတတ်တဲ့ယောက်ျားကောင်း တွေလည်း အများကြီးလိုအပ်ပါတယ် သားရေ။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။