သင်ချစ်ရသူတွေလမ်းခွဲမသွားခင် လက်ရှိအချိန်တွေကို တန်ဖိုးထားပါ။

ငယ်ငယ်တုန်းက သင်နဲ့ပေါင်းခဲ့တဲ့သူငယ်ချင်းတွေအားလုံး အခုသင့်ဘေးမှာ မရှိကြတော့ဘူး။

ငယ်ငယ်တုန်းက အတူရှိလာခဲ့တဲ့ မိသားစုဝင်အားလုံးလည်း ဒီနေ့မှာ အိမ်ထောင်ကိုယ်စီ၊ အသက်မွေး ဝမ်းကျောင်းမှုကိုယ်စီနဲ့ တစ်နှစ်တစ်ခါ ထမင်းလက်ဆုံမစားဖြစ်ကြတော့ဘူး။

ငယ်ငယ်တုန်းက သင့်ကို မုန့်ကျွေးခဲ့တဲ့ အိမ်နီးချင်းတွေလည်း အခုနေရာသစ်တွေဆီ ပြောင်းရွှေ့သွား ခဲ့ကြပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင်ကျောင်းကပြန်လာတိုင်း ကြိုဆိုနေကျ လမ်းထိပ်က ခွေးကလေးလည်း သေသွားရှာပြီ။

အချိန်တွေကလည်း ပြောင်းလဲနေတယ်။ လူတွေကလည်း ပြောင်းလဲနေတယ်။ အပြောင်းအလဲတွေ ကြားမှာ လူတွေ တွေ့ဆုံကြတယ်။ ခွဲခွာကြတယ်။ တွေ့ဆုံဖို့ဖန်လာတဲ့အခါ တားမရသလို ခွဲခွာချိန်ကြုံလာတော့ လည်း ငြင်းမရပါဘူး။ ခွဲခွာချိန်ကြုံလာတဲ့အခါ မနေ့ကအထိ တစ်အိမ်တည်းအတူရှိနေခဲ့သူကလည်း ဘယ်တော့ မှ ပြန်မဆုံနိုင်တော့တဲ့နေရာအထိ ဝေးသွားနိုင်ပါတယ်။

ဒါကြောင့် သင်ချစ်တဲ့သူတွေနဲ့ အခုအချိန်အထိ အတူရှိခွင့်ရနေတဲ့ အခိုက်အတန့်ကို တန်ဖိုးထားလိုက် ပါ။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ ဘာဖြစ်မလဲ ဘယ်သူမှ မသိလို့ပါ။

ဒီစာစောင်လေးဖတ်ပြီး သတိရလိုက်မိတဲ့ ချစ်ရသူတွေကို mention ခေါ်ရင်း သင့်ချစ်ခင်ဂရုစိုက်ခြင်း တွေကို ပြသလိုက်ပါဦးနော်။