တချို့ကလေးတွေဟာ ဘာကြောင့် နေ့နဲ့ညမှားပြီး အိပ်တတ်ကြတာလဲ။

blank

စာချစ်သူတို့ရေ….။

နေ့ဖက်မှာတစ်နေကုန်အိပ်နေပြီးညဖက်မှာမအိပ်တဲ့ ပေါက်စနလေးကြောင့် စိတ်ညစ်နေလား။ နေ့နဲ့ညမှားတတ်တဲ့ ပြဿနာဟာမွေးကင်းစကလေးအများစုမှာဖြစ်တတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးနဲ့ပတ်သက်တဲ့ လေ့လာသူတွေကတော့ နေ့နဲ့ညမှားရခြင်းဟာကလေးတွေရဲ့ ကိုယ်တွင်းနာရီလို့ခေါ်တဲ့ (body clock) မမှန်သေးတာကြောင့် ဖြစ်တယ်လို့ ပြောကြပါတယ်။ တစ်နေ့လုံးမှာလန်းဆန်းနေပြီးညဖက်မှာအလိုလိုပင်ပန်းနွမ်းနယ်လာပြီးအနားယူချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်တွင်းစည်းချက်ကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် နေ့မှာအိပ်ပြီးညဖက်မှာမအိပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သင့်ကလေးကိုနေ့နဲ့ညမှန်စေချင်တယ်ဆိုရင်…။

နေ့ဖက်မှာနေရောင်ခြည်နဲ့ ထိတွေ့ပေးတာမျိုး၊ လူသံတွေ၊ ပတ်ဝန်းကျင်ကအသံတွေနဲ့ ထိတွေ့ပေးတာမျိုးနဲ့

ညဖက်မှာမီးမှိန်မှိန်ထွန်းပေးတာမျိုး၊ ပတ်ဝန်းကျင်ကိုတိတ်ဆိတ်နေအောင် အပူချိန်နည်းနေအောင် ထားရှိပေးတာမျိုးနဲ့ တဖြည်းဖြည်း ပြုပြင်ပေးလို့ရတယ်လို့ လေ့လာသူတွေကတော့ အကြံပေးထားပါတယ်။

Body clock ပြုပြင်ခြင်းဟာနေ့ချင်းညချင်းပြောင်းလဲလို့မရတဲ့ ကိစ္စဖြစ်တာကြောင့် မိဘတွေအနေနဲ့ စိတ်ရှည်ဖို့တော့လိုပါတယ်။ ကလေးမအိပ်တဲ့အခါ စိတ်တိုဒေါသထွက်ပြီးကလေးအပေါ် ကြမ်းတမ်းစွာပြုမူတာမျိုးမလုပ်မိဖို့တော့ လိုလိမ့်မယ်နော်။