စကားအောင်ချင်ရင် နည်းနည်းပဲပြောပါ။ လိုရင်းကို ထိထိမိမိပြောပါ။

blank

သားရေ…

သားက စကားအရာမှာ လူအများအပေါ် သြဇာရှိတဲ့သူတွေဆိုရင် သိပ်သဘောကျတာပဲလို့ ပြောတော့ မေမေက အဲ့ဒါလေးနဲ့ပတ်သက်ပြီး မေမေတို့ဝန်းကျင်က အတွေ့အကြုံလေးတွေကို မျှဝေပေးချင်သွားတယ်။

တကယ်တော့… စကားအောင်တယ်ဆိုတာ စကားများများပြောတဲ့သူတိုင်း ဖြစ်ခွင့်ရကြတာ မဟုတ်ပါ ဘူး။ စကားများများပြောတိုင်းလည်း စကားအရာအောင်တာမဟုတ်ပါဘူး။ သားကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါ။ အရေးမကြီးတဲ့ အသေးအဖွဲလေးတွေကအစ တဖျစ်တောက်တောက်ပြောနေတတ်တဲ့သူနဲ့ အပိုမပြောဘဲ လို အပ်မှ ထိထိမိမိပြောတဲ့သူစကားမှာ သားက ဘယ်သူ့စကားကို ပိုအလေးအနက်ထားပြီး နားထောင်ချင်လဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အဲ့ဒါအဖြေပါပဲ။

ဒါကြောင့် သားဘဝမှာလည်း သားပြောချင်တဲ့အကြောင်းအရာတွေကို တခြားလူတွေ သေချာနား ထောင်တာမျိုး ဖြစ်စေချင်ရင်၊ စကားအရာမှာ သြဇာညောင်းသူဖြစ်ချင်ရင် အလကားနေရင်း တွေ့ကရာပြောနေ တတ်သူမဖြစ် ပါစေနဲ့။ လိုအပ်လာချိန်မှသာ လိုရင်းကို ထိထိမိမိနဲ့ လေးလေးနက်နက်ပြောတတ်သူဖြစ်ပါစေ သားရေ။

စာချစ်သူမေမေတို့လည်း သားတွေကိုဖတ်ပြဖို့ ဒီစာစောင်လေး SHARE ထားလိုက်ပါဦးနော်။