သင့်ကလေးကို ဆယ်ကျော်သက်အရွယ်မှာကတည်းက မိဘမဖြစ်စေချင်ဘူးဆိုရင်….။

blank

ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်ဆောင်ခြင်းဟာ ကလေးတွေရဲ့ အနာဂတ်ကို များစွာထိခိုက်စေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အရွယ်မတိုင်ခင်မှာ မိဘဖြစ်သွားတဲ့အတွက် အနာဂတ်ကို မနိုင်မနင်းဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ဘဝနဲ့ နောက်ထပ်ကလေးတစ်ယောက်ရဲ့ဘဝကို များစွာထိခိုက်နိုင်သလို ကိုယ်ဝန်ဖျက်ချခြင်းကြောင့်လည်း အသက်အန္တရာယ်ကို များစွာထိခိုက်စေပါတယ်။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်တဲ့အခါ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုတွေရှိနေပါတယ်။ လေ့လာမှုတွေအရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းကလေးတွေမှာ အန္တရာယ်ရှိတဲ့နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချမှုပေါင်း ၃.၉ သန်းခန့်ရှိတယ်လို့သိရပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ဆယ်ကျော်သက်အရွယ်သမီးတွေကို အရွယ်မတိုင်မီမမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုး မဖြစ်စေချင်ဘူးဆိုရင် အနေအထိုင်ဆင်ခြင်ဖို့ချည်းပဲ သင်ပေးလို့မရတော့ပါဘူး။ သူတို့ကိုယ်သူတို့ ကာကွယ်တတ်ဖို့အပြင်၊ မျိုးဆက်ပွားကျန်းမာရေးဗဟုသုတတွေကိုလည်း သင်ပေးထားဖို့ အချိန်တန်ပါပြီ။ အရွယ်မတိုင်မီကိုယ်ဝန်ရသွားခြင်းကြောင့် ခံစားရမယ့်ဆိုးကျိုးတွေ၊ ဘဝအပေါ် သက်ရောက်မှုတွေကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားဖို့ အချိန်ရောက်ပါပြီ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မျိုးဆက်ပွားကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာအသိပညာတွေဟာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ အဲ့ဒီအခွင့်အရေးကို ကောင်းစွာနားလည်ခြင်းဟာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကောင်းစွာစီမံပြီး အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်နိုင်အောင် ဘဝပန်းတိုင်ကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ပြောင်းလဲလာတဲ့ခေတ်မှာ မပြောင်းလဲနိုင်တဲ့ အမြင်ဟောင်းတွေနဲ့ သင့်ကလေးတွေကို ထိန်းကျောင်းပျိုးထောင်နေတုန်းပဲလား။