ဇူလိုင်ဖွားတစ်ယောက်နဲ့ ချစ်သူတော်မယ်ဆိုရင် ဒါလေးအရင်ဖတ်ထားပါ။

blank
၁။ မိသားစုကို ဦးစားပေးကြသူတွေပါ။

ဇူလိုင်လဖွားတွေဟာ သူတို့ချစ်တဲ့သူတွေ၊ မိသားစုတွေနဲ့ ပတ်သက်လာရင် ကာကွယ်စောင့်ရှောက် တတ်ကြသူတွေပါ။ သင်ကလည်း သူ့အတွက်အရေးပါသူတစ်ယောက်ဖြစ်လာပြီဆိုကတည်းက သူ့မိသားစုရဲ့ ပွဲလမ်းကိစ္စတိုင်းမှာ ပါဝင်ရတော့မှာပါ။ ပျင်းနေမှာလည်း မပူပါနဲ့။ သူ့မိသားစုနဲ့သင်အဆင်ပြေအောင် သူကြိုးစား ပါလိမ့်မယ်။

၂။ စည်းစနစ်ကျသူတွေပါ။

ဘယ်အလုပ်မျိုးကိုမဆို အလွန်ကြိုးစားတတ်တယ်။ အဲ့ဒီကြိုးစားမှုက သူတို့ရဲ့စည်းစနစ်ကျတဲ့အကျင့် ဆီကနေ ဖြစ်လာတာပါ။ သူတို့နေ့ရက်တွေဟာ ဘယ်နေ့မှာ ဘယ်သူနဲ့တွေ့မယ်။ ဘာလုပ်မယ်ဆိုတာတွေနဲ့ ပြည့်နေပါတယ်။ ဒါပေမဲ့ ဘယ်လောက်အလုပ်များနေပါစေ သင့်အတွက်အချိန်တော့ အမြဲဖယ်ထားပါတယ်။

၃။ အနာဂတ်အတွက် ပူပန်တတ်ကြသူတွေပါ။

သူတို့ဘဝနဲ့ မိသားစုဘဝ စိတ်ချလုံခြုံမှုရှိရေးကို အမြဲဂရုစိုက်လေ့ရှိတယ်။ အဆင်ပြေနေရင်တောင် ပို တိုးတက်ဖို့ပဲ အမြဲကြိုးစားတယ်။ ဒါကြောင့် အခွင့်အလမ်းကောင်းတွေကိုလည်း တခြားသူတွေထက် ပိုပိုင်ဆိုင်ရ ပါတယ်။ တစ်ခါတရံမှာ အနားယူဖို့မေ့နေတတ်တာကြောင့် သူတို့နဲ့ချစ်သူဖြစ်ရင်တော့ အဲ့ဒီအချက်လေးကို မကြာခဏသတိပေးဖို့ လိုပါတယ်နော်။

၎။ မှတ်ဉာဏ်ကောင်းကြသူတွေပါ။

နှစ်ယောက်ကြားက အမှတ်တရသေးသေးလေးတွေကိုကအစ ရက်စွဲနဲ့တကွ မှတ်မိနေတတ်ကြသူ တွေပါ။ ဒါကြောင့် သူတို့နဲ့ ချစ်သူဖြစ်မယ်ဆိုရင် နှစ်ယောက်ကြားက အမှတ်တရလေးတွေကို မမေ့ဖို့နဲ့ သူတို့ကို နာကျင်စရာအမှတ်တရတွေ မပေးမိအောင် သတိထားဖို့တော့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ စိတ်ခံစားမှုအတက်အကျမြန်သူတွေပါ။

စိတ်ခံစားချက်အပြောင်းအလဲမြန်မှုကြောင့် တစ်ခါတစ်ရံမှာ သူတို့ရဲ့အရင်းနှီးဆုံးသူတွေတောင် သူတို့ ကို နားလည်ဖို့ခက်ခဲတာရှိပါတယ်။ ဒါကြောင့် သူတို့နဲ့အဆင်ပြေချင်တယ်ဆိုရင် အဲ့ဒီအမူအကျင့်လေးကိုတော့ ခွင့်လွှတ်ပေးတတ်ဖို့ လိုပါမယ်။

၆။ စာနာစိတ်ကြီးမားသူတွေပါ။

လူတွေကို အများကြီးနားလည်ပေးတတ်တဲ့ ဇူလိုင်လဖွားလေးတွေပါ။ တခြားသူတွေရဲ့ ခံစားချက်တွေ ကို အလွန်ဂရုစိုက်ပေးတတ်တယ်။ တစ်ခါတရံမှာ သူတို့မျှော်လင့်ထားသလို သင့်ဘက်က မလုပ်ဆောင်နိုင်ခဲ့ရင် တောင် အပြစ်မတင်ဘဲ သင့်အပေါ် စာနာပေးမယ့် ချစ်သူကောင်းလေးတွေပါ။

၇။ အကောင်းဆုံးဖြစ်အောင်နေသူတွေပါ။

သူတို့ရဲ့စည်းစနစ်ကျတဲ့အရည်အချင်းက သူတို့ကို ပြီးပြည့်စုံသူတွေဖြစ်အောင်ဖန်တီးထားပါတယ်။ ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်တယ်။ အထင်ကြီးလောက်တဲ့ အချက်အပြုတ်စွမ်းရည်လည်းရှိတယ်။ မိသားစု ညစာစားပွဲတွေဟာ သူတို့လက်စွမ်းကိုမြင်ရမယ့်အချိန်ပါ။ သင်ကလည်း အစားတစ်လိုင်းဆိုရင်တော့ ဇူလိုင်ဖွား တွေဟာ သင့်အတွက်တော့ နေနဲ့လရွှေနဲ့မြပါပဲ။

၈။ အသေးအဖွဲကအစ အလေးအနက်ထားတတ်သူတွေပါ။  

လူတွေပြောသမျှကို အလေးအနက်ထားခံစားတတ်တယ်။  အသည်းကွဲပြီးရင်လည်း ပြန်သက်သာဖို့ အချိန်အကြာကြီးယူရပါတယ်။ ခွဲခွာသွားတဲ့သူတွေကို တစ်သက်လုံးသတိရနေတတ်သူတွေပါ။ သူတို့ကို တ ကယ်ချစ်တယ်ဆိုရင် နာကျင်အောင် မပြုလုပ်မိပါစေနဲ့။

၉။ အကျိုးရှိတာတွေပဲလုပ်တတ်သူတွေပါ။

သူတို့တွေဟာ အတင်းအဖျင်းပြောတာလို သိမ်ဖျင်းတဲ့အလုပ်တွေကို မလုပ်ပါဘူး။ အချိန်ဖြုန်းတယ်လို့ ထင်ကြပါတယ်။ သူတို့လုပ်စရာရှိတာတွေကိုပဲ အလုပ်ပိုတွင်အောင် ကြိုးစားလေ့ရှိပါတယ်။ ရှေ့ကို စိတ်လော နေတတ်တာကြောင့် သူတို့ကို စိတ်အေးအေးထားတတ်အောင် အမြဲသတိပေးနေဖို့တော့ လိုအပ်ပါတယ်။

၁ဝ။ သတိရှိသူတွေပါ။

အမြဲသတိရှိနေတတ်သူတွေဖြစ်တဲ့အတွက် သူတို့မှာ မေးစရာမေးခွန်းတွေလည်း အများကြီးရှိနေတတ် ပါတယ်။ မေးစရာတစ်ခုစပြီးပြီဆိုရင် ရပ်လို့မရတော့ပါဘူး။ သင်က စိတ်မရှည်တတ်တစ်ယောက်ဆိုရင်တော့ မေးခွန်းတွေကို တိုတိုထိထိဖြေတတ်သူဖြစ်အောင် လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။

ကဲ… သင့်မှာကော ဇူလိုင်လဖွားတွေနဲ့ပတ်သက်ပြီး သိထားတဲ့ နောက်ထပ်အမူအကျင့်လေးတွေ ရှိလား။