အမေဖြစ်လာချိန်မှာ သိလာမယ့် အမေတစ်ယောက်ရဲ့ ခံစားချက်လေးတွေ…

blank

သမီးရေ..

သမီး​လေး အချိန်တန်အရွယ်ရောက်လာတဲ့အခါ သမီးနဲ့ သင့်တော်တဲ့ ဘဝလက်​​တွဲ​ဖော်​နဲ့ ​ဆုံတွေ့လိမ့်မယ်​။ သမီးလေးတစ်ဘဝလုံးစာ ရည်ရွယ်ထားတဲ့ လက်တွဲဖော်ကို မေမေနဲ့ မိတ်ဆက်ပေးတဲ့အခါ သမီးလေးဟာ ဂါဝန်ဝဲဝဲလေး ပုံစံလေးကနေ ​ မင်္ဂလာဝတ်​စုံ​လေးပြောင်းသွားတာကို မြင်ယောင်ကြည့်ရင်း မေမေ့မျက်လုံးမှာ မျက်ရည်တွေရစ်ဝိုင်းနေလိမ့်မယ်။ မင်္ဂလာခန်းမထဲမှာ သတို့သမီးဝတ်စုံပေါ်က ပုလဲလုံး​လေး​တွေ ဇာ​လေး​တွေနဲ့ အပြိုင်လှပနေမယ့် သမီးမျက်နှာနဲ့ ဆယ်ကျော်သက်အရွယ်က ဂျစ်ကန်ကန်ပုံစံလေးကို ယှဉ်တွေးကြည့်ရင်း အချိန်ကုန်မြန်လိုက်တာလို့ တွေးမိနေလိမ့်မယ်။

မင်္ဂလာပွဲအပြီးမှာ သမီး​လေးကိုဖက်​ပြီး အိမ်ထောင်သည်ဘဝကို မကြောက်ဖို့၊ ဇနီးကောင်းတစ်ယောက်ဖြစ်အောင်၊ မိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ စကားလက်ဆောင်ပေးမယ်။ နောက်​ဆုံးအ​နေနဲ့ သမီး​လေးကိုဝအောင်ကြည့်ပြီး သမီး​လေးဘယ်နေရာကိုပဲရောက်နေ ရောက်နေ ကျွန်မကတော့ သမီးအတွက် ထာဝရအမေအဖြစ်ရှိနေမယ်ဆိုတာကို သမီးလေးကို ပြောပြမယ်နော်။ သမီး​လေးကို နဖူးကိုဖွဖွလေးနမ်းချိန်မှာတော့ သမီးကိုပထမဆုံးနမ်းခဲ့တုန်းက ကလေးအနံ့လေးကို လွမ်းမိနေလိမ့်မယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျက်​သ​ရေရှိလှတဲ့ သမီး​လေးဟာ ပန်းတွေနဲ့ လှလှပပတန်ဆာဆင်ထားတဲ့ မင်္ဂလာကားလေးကို စီးပြီးကျွန်မနဲ့တဖြည်းဖြည်းဝေးသွားတဲ့အခါ မေမေဝမ်းနည်းမိကောင်း ဝမ်းနည်းမိမျကျွန်မမျက်စိရှေ့မှာတင် အရွယ်ပေါင်းစုံပြောင်းလဲသွားတဲ့ သမီး​လေးကို ဆုံးရှုံး​လိုက်ရလို့ ဝမ်းနည်းမိ​တဲ့အခါ မိခင်မြေကြီးဟာ အပင်လေးတွေရှင်သန်ဖို့ မြေသြဇာပေးပေမယ့် အပင်လေးတွေ မြေကြီးနဲ့ဝေးပြီးရှင်သန်နေတာကို မော့ကြည့်ပြီးပီတိဖြစ်နေတတ်တာကို သတိရပေးမယ်။ သမီးနဲ့ထိုက်တန်တာက ကောင်းကင်ကြီးဆိုရင် သမီးလွပ်လွပ်လပ်လပ်ပျံသန်းပါစေလို့ ဖြေတွေးမယ်။  ဒါပေမဲ့ မေမေ့ရဲ့ ပေးဆပ်ခြင်းတွေကို သမီးသိအောင်ပြောပြဖြစ်မှာ မဟုတ်ပါဘူး။ သမီးလေးအမေတစ်ယောက်ဖြစ်လာတဲ့တစ်နေ့မှာ မေမေ့ရင်ထဲက စကားတွေကို အလိုလိုသိနေလိမ့်မယ်။