မိဘတို့သိဖို့ ကလေးတွေမှာဖြစ်တတ်တဲ့ အူစွပ်၊ အူထပ်ခြင်းအကြောင်း

blank

အူစွပ်ခြင်း (သို့မဟုတ်) အူထပ်ခြင်းဟာ ကြီးမားတဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ အူရဲ့တစ်စိတ်တစ်ပိုင်းဟာ အခြားအစိတ်အပိုင်းတစ်ခုထဲကို ဝင်သွားပြီး အူက တယ်လီစကုတ်တစ်ခုလို ခေါက်သွားတတ်တာမျိုးပေါ့။ အဲ့ဒီလိုဖြစ်နေတဲ့အခါမျိုးမှာ အူဟာပိတ်ဆို့သွားပြီး အစာဟောင်းတွေက အဲ့ဒီနေရာမှာ ပိတ်မိနေတာမျိုးဖြစ်တတ်ပါတယ်။

အူစွပ်ခြင်းဟာ ၃ လကနေ ၃ နှစ်အတွင်းကလေးတွေမှာ အဖြစ်များတယ်လို့ သိရပြီး မွေးကင်းစကလေးတွေမှာ အဖြစ်နည်းပါတယ်။ တစ်ခါတလေမှာတော့ ၃နှစ်အထက်ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေမှာတောင်ဖြစ်တတ်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အူစွပ်တာ၊ အူထပ်တာဖြစ်ရခြင်းအကြောင်းအရင်းကိုတော့ မသိရပေမယ့် မျိုးရိုးထဲမှာ အဲ့ဒီလိုပြဿနာမျိုးဖြစ်ဖူးတာနဲ့ အူလမ်းကြောင်းမှာ အကျိတ်ဖြစ်တာ၊ ပိတ်ဆို့မှုတွေဖြစ်နေတာ၊ ကပ်ပါးပိုးမွှားတွေ ဝင်ရောက်တာကြောင့် ဖြစ်နိုင်တယ်လို့တော့ လေ့လာသူတွေက ခန့်မှန်းခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အူထပ်တာ၊ အူစွပ်တာမျိုးဟာ ချက်ခြင်းကုသမှုခံယူသင့်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။

ရောဂါလက္ခဏာတွေဟာ အနည်းငယ်စီကွဲပြားနိုင်ပေမယ့် အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့…။

  • အော့အန်တာ..။
  • သွေးဝမ်းသွားတာ..။
  • ဂျယ်လီလိုမျိုး နီရဲတဲ့ဝမ်းတွေသွားတာ..။
  • ဖျားတာ..။
  • ပင်ပန်းနွမ်းနယ်တာ..။
  • အော့အန်တာ..။
  • ချွေးပြန်တာ..။
  • ဝမ်းဗိုက်ဖောရောင်တာ..။

အူစွပ်ခြင်း၊ အူခေါက်ခြင်းတွေဟာ အခြားရောဂါလက္ခဏာတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် အမြန်ဆုံး စစ်ဆေးပြီး ကုသမှုခံယူဖို့ လိုပါတယ်နော်။ အချိန်မီရောဂါကုသမှု မခံယူဘူးဆိုရင် အူလမ်းကြောင်း ပိုးဝင်တာ၊ အူတစ်ရှူးတွေ သေသွားတာ၊ သွေးယိုစိမ့်တာနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်ပွားစေနိုင်ပါတယ်နော်။