ကိုယ့်ဘဝရဲ့ လိုအပ်ချက်တွေကို ကိုယ်ကိုယ်တိုင် စပွန်ဆာပေးထားတဲ့ သူပဲဖြစ်ပါစေသမီး။

blank

သမီးရေ…။

မိန်းကလေးတစ်ယောက်ဟာ ကိုယ်သုံးမယ့် ပိုက်ဆံကို ကိုယ်ကိုယ်တိုင်ရှာတတ်ရမယ်တဲ့။ မေမေ့ရဲ့မေမေ သမီးဖွားဖွားက မေမေ့ကို ငယ်ငယ်တုန်းက ဆုံးမတဲ့စကားပေါ့။ သမီးအနေနဲ့ အကောင်းကြိုက်လို့ရတယ်။ အဝတ်အစားမက်လို့ရတယ်။ အစားအသောက်ကောင်းတွေ စားချင်လို့ရတယ်။ ဒါပေမဲ့ အဲ့ဒီငွေတွေဟာ သမီးရိုးသားစွာရှာထားရတဲ့ ငွေ၊ ကြိုးစားမှုနဲ့ ရင်းထားတဲ့ ငွေတွေပဲဖြစ်ရမယ့်သမီး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သမီးလေးရဲ့ ဝတ်ကောင်းစားလှတွေရဲ့နောက်မှာ စပွန်ဆာမလိုရဘူး။ Sugar daddy မလိုဘူး သမီး။ သမီးလေးဟာ ကိုယ့်အစွမ်းအစနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးဖြစ်ရမယ်။ သမီးလေးအိမ်ထောင်ပြုဖြစ်သွားရင်တောင် ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ ငွေကြေးနဲ့ပတ်သက်ပြီး အလုံးစုံမှီခိုရတဲ့သူမဖြစ်စေချင်ဘူး။ သမီးလေးဘယ်နေရာပဲရောက်ရောက်၊ ဘာတွေပဲဖြစ်နေဖြစ်နေ ကိုယ်ပိုင်ဝင်ငွေရှာတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေချင်တယ်။ ကိုယ်ကိုယ်တိုင် သမ္မာအာဇီဝနဲ့ ရှာထားတဲ့ ပိုက်ဆံကိုသုံးရတဲ့အရသာဟာ ဘယ်လောက်ချိုမြိန်လဲဆိုတာ သမီးလေးသိလာပါလိမ့်မယ်။