သားအတွက် မေမေမျှဝေချင်တဲ့ ငွေမစုခင်မှာ ငွေအသုံးလျှော့နိုင်မယ့်နည်းလမ်းလေးတစ်ခု

blank

သားရေ…

သားက အလုပ်စလုပ်နေပြီမို့ ပိုက်ဆံစုတော့မယ်ပြောလို့ မေမေဝမ်းသာလိုက်တာ။ ရှေးလူကြီးတွေ ထားရစ်ခဲ့တဲ့ ချွေတာစုဆောင်းသူဌေးလောင်းစကားပုံဟာ အလကားမဟုတ်ပါဘူး။ ဒါပေမဲ့ ငွေမစုခင်မှာ ငွေ အသုံးလျှော့နိုင်မယ့်နည်းလမ်းလေးကို သားအတွက်မေမေဝေမျှချင်တယ်။ မေမေကိုယ်တိုင်လည်း အဲ့ဒီနည်း လမ်းနဲ့ ဘဝတလျှောက်လုံးကြိုးစားစုဆောင်းလာနိုင်ခဲ့တာဖြစ်တဲ့အတွက် သားအတွက်အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူအများစု ငွေများများသုံးမိစေတဲ့အဓိကအချက်က “တစ်လကို ငါလစာ ဘယ်လောက်ရ တယ်” ဆိုတဲ့ အတွေးပါပဲ။ အဲ့ဒီလိုတွေးလိုက်တော့ ပိုက်ဆံကအများကြီးလို့ထင်ပြီး သုံးချင်ရာ လွယ်လွယ် သုံး မိပါတယ်။ ဒါကြောင့် အဲ့ဒီလိုမတွေးပါနဲ့။ ဥပမာ- သားရဲ့တစ်လစာဝင်ငွေက တစ်သိန်းခွဲထားပါတော့။ တစ် ရက်ချင်းစီအတွက် သားရဲ့ဝင်ငွေက ငါးထောင်ပါ။ ငါးထောင်မှာ သားရဲ့အလုပ်ချိန်က တစ်ရက်ကို ၈ နာရီဆို ရင် တစ်နာရီကိုမှ ၆၂၅ ကျပ်ပဲရတာပါ။ တစ်နာရီလုံးစိတ်ကောကိုယ်ပါအလုပ်လုပ်မှရရှိတာက ၆၂၅ ကျပ်ပါ။ လောလောဆယ်မှာ သားက နားကြပ်လေးဝယ်ချင်တယ်ဆိုပါစို့။ သားမှာ နားကြပ်လေးလည်းရှိပြီးသား။ ဟောင်း နေလို့ အသစ်လဲချင်တာ။ နားကြပ်တဲ့တန်ဖိုးက ၈ဝဝဝ ကျပ်ဆိုရင် သားရဲ့ ၁၂ နာရီကျော်လုပ်အားခကို ပေး လိုက်ရတော့မှာပါ။ လိုအပ်နေရင် တန်ပေမဲ့ မလိုအပ်ဘဲဝယ်တာဆိုရင် သားဟာ သားရဲ့ခွန်တွေအားတွေရင်းပြီး ၁၂ နာရီကြီးများတောင်အလုပ်လုပ်ထားရသမျှကို မလိုအပ်တဲ့အရာအတွက် ဖြုန်းတီးရာကျသွားပါပြီ။

ပြောချင်တာက တစ်ခုခုဝယ်မယ်ဆိုရင် သားရဲ့ တစ်နာရီစာလုပ်အားခကို ပြန်သတိရပါ။ သားဝယ်မယ့် အရာဟာ သားပြန်ပေးရမယ့်လုပ်အားခ၊ အချိန်တွေနဲ့ ထိုက်တန်တယ်ဆိုရင် သုံးပါ။ မထိုက်တန်ဘူးဆိုရင် ရပ် လိုက်ပါ။ ဒါဆိုရင် မလိုအပ်ဘဲ ဖြုန်းတီးတာတွေ မရှိတော့တဲ့အတွက် သားမျှော်မှန်းတဲ့ငွေစုခြင်းကို ပိုထိရောက် အောင် လုပ်ဆောင်နိုင်မှာပါ။

မေမေ့နည်းလမ်းလေးက သားအတွက် အသုံးတည့်တယ်ဆိုရင် သားသူငယ်ချင်းတွေကိုလည်း ပြန်မျှ ဝေပေးလိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။