အမေတစ်ယောက်အနေနဲ့ သမီးလေးကို ဘယ်တော့မှမခံစားစေချင်တဲ့ အရာလေးတွေ

သမီးလေးရေ…။

သမီးအပေါ်မှာ သစ္စာမရှိတဲ့၊ သမီးရဲ့နှလုံးသားအလှတွေကို မမြင်နိုင်တဲ့ ယောက်ျားတစ်ယောက်ကြောင့် အသည်းကွဲရခြင်းကို သမီးလေးမခံစားရပါစေနဲ့။

နောက်ကျောကိုဓားနဲ့ထိုးမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ သစ္စာဖောက်ခံရခြင်းကို သမီးလေး မကြုံတွေ့ပါစေနဲ့။

သူတစ်ပါးတွေရဲ့ လက်ညှိုးထိုးစွပ်စွဲပြီး နှိမ်ချမှုတွေကြောင့် စိတ်ပျက်အားငယ်မှုတွေကို သမီးလေးမခံစားရပါစေနဲ့။

အပေါ်ယံပကာသနတွေကို အလေးထားတတ်တဲ့ လူတွေအကြားမှာ ကိုယ့်ကိုယ်ကိုသိမ်ငယ်နေရတာမျိုးတွေကို သမီးလေးမကြုံတွေ့ပါစေနဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အားကျဖို့ မထိုက်တန်တဲ့ အမျိုးသမီးတစ်ယောက်ကို အားကျနေမိခြင်းကို သမီးလေးမကြုံတွေ့ပါစေနဲ့။

သမီးလေးရဲ့အားနည်းချက်တွေကြောင့် ကိုယ့်ကိုယ်ကိုသိမ်ငယ်ပြီး ရှက်နေတာမျိုးတွေ မကြုံတွေ့ပါစေနဲ့။

သမီးရဲ့ခန္ဓာကိုယ် အချိုးမကျမှုတွေကို အရေးတယူလုပ်ပြီး ကိုယ့်ကိုကိုယ် ရှက်နေတာတွေကို သမီးလေးမကြုံတွေ့ပါစေနဲ့။

ကိုယ်စွမ်းဆောင်နိုင်တဲ့ အရာတွေအပေါ် “လုပ်နိုင်ပါ့မလား”သံသယဝင်နေခြင်းမျိုး သမီးလေး မကြုံတွေ့ပါစေနဲ့။

နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိုးရိမ်ပူပန်နေရခြင်းကို သမီးလေးမကြုံတွေ့ပါစေနဲ့။