ဘဝမှာ ပျော်ရွှင်ချင်ရင် အသစ်အဆန်းတွေနောက်လိုက်ချင်တဲ့စိတ်ကို စွန့်လွှတ်ပါ။

blank

သားရေ…

လိုချင်တာတွေက အများကြီးပဲ။ မေမေတို့ဆီခဏခဏတောင်းရတာလည်း အားနာတယ်။ “သား ကျောင်းပြီးတာနဲ့ မြန်မြန်အလုပ်လုပ်ပြီး ကိုယ်ပိုင်ဝင်ငွေရအောင် လုပ်ရမယ်” လို့ ပြောသံလေးကြားရတော့ မေ မေ့မှာ သားရဲ့မိဘအပေါ် ငဲ့ညှာသိတတ်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ကို သဘောကျမိပါရဲ့။ ဒါပေမဲ့ တစ်ဖက်ကလည်း လိုချင်တာတွေနောက်လိုက်မဆုံးဖြစ်ရင်း သားဘဝမှာ မပျော်မရွှင်ဖြစ်မှာလည်း မေမေ စိတ် ပူမိပြန်တယ်။ လိုအပ်ချက်တွေဆိုတာတော့ လိုက်မယ်ဆိုရင် မသေမချင်းလိုက်လို့ ဆုံးမှာမဟုတ်ပါဘူး သားရေ။

အနီးစပ်ဆုံးဥပမာပေးရရင်ပဲ ဖုန်းတွေကလည်း အသစ်အသစ်တွေ အမြဲတမ်းပေါ်နေတာ။ အသစ်မှ ပိုကောင်း တယ်ထင်ရင် ရှာသမျှလည်း ဖုန်းဝယ်ဖို့နောက်လိုက်ရင်း ကုန်ရတော့မှာပါပဲ။ အဝတ်အစားသစ်တွေဆိုတာ လည်း အဲ့ဒီလိုပါပဲ။ ပြီးတော့ လူ့သဘာဝကလည်း ခြံလေးရှိတော့ အိမ်လေးရရင်တော်ပါပြီလို့ တွေးတယ်။ အိမ် လေးရတော့ တိုက်အိမ်လေးဆို ပိုကောင်းတာပေါ့လို့ ထပ်တွေးတယ်။ တိုက်အိမ်လေးရတော့ စီးစရာကားလေး ပါ ရရင်ပိုအဆင်ပြေမှာလို့ တွေးပြန်ရော။ စီးစရာကားလေးရပြန်တော့ မော်ဒယ်လ်မြင့်ဆို ပိုကောင်းမယ်လို့ ဖြစ် ပြန်ရော။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါက လောကသဘာဝပါပဲ။ တကယ်တော့ ရှိပြီးသားတွေကလည်း ကိုယ့်အတွက်လိုအပ်လို့၊ အသုံး တည့်လို့ ပိုက်ဆံပေးပြီး ဝယ်ထားတာတွေပါပဲ။ အဲ့ဒါတွေကို တန်ဖိုးထားသုံးစွဲတတ်ဖို့ လိုပါတယ်။ အဲ့ဒါတွေက အသုံးတည့်နေသေးရင် ရောင့်ရဲ့ကျေနပ်စိတ်မွေးတတ်ဖို့ လိုပါတယ်။ အသစ်ပေါ်တာတွေနောက်ပဲ လိုက်နေရင် သားဘဝမှာလည်း တစ်သက်လုံးမောနေရတော့မှာပါပဲ။

ဒါကြောင့် မေမေပြောချင်တာက ကိုယ်တိုင်ရှာဖွေချင်တဲ့စိတ်ကလေးကို မေမေချစ်တယ်။ ဒါပေမဲ့ ရှိ တာလေးနဲ့ရောင့်ရဲကျေနပ်တတ်တဲ့စိတ်လေးကိုလည်း မွေးဖို့ မမေ့ပါနဲ့လို့လည်း စကားလက်ဆောင်ပါးပါရစေ သားရေ။

စာချစ်သူမေမေတို့ကော သားတို့ကို ပြောချင်တာလေးတွေရှိရင် မျှဝေခဲ့ပါဦးနော်။