အိမ်ထောင်တစ်ခုမှာ တစ်ယောက်က တစ်ယောက်ကို ကြောက်နေကြတာကောင်းလား။

လူထူထူကြားရောက်ပြီဆိုရင် တချို့တွေကြွားကြတာ ကြားဖူးမှာပါ။

“ ငါ့ယောက်ျားက ငါ့ကိုဆို ကြောက်မှကြောက်”၊  ဒါမှမဟုတ် “ ငါ့မိန်းမကတော့ ငါ့စကားတစ်ခွန်းပဲ” ဆို တာမျိုးပါ။

ချစ်လို့ယူထားတဲ့လူနှစ်ယောက်ကြားမှာ အကြောက်တရားနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ချုပ်ကိုင်ထား တာက ဖြစ်သင့်ရဲ့လားဆိုတာ စဉ်းစားစရာပါ။ “ သူခွင့်မပြုလို့ မသွားရဲဘူး။ သူ မစားခိုင်းလို့ မစားရဲဘူး။ သူမ ကြိုက်လို့ အဲ့ဒီသူငယ်ချင်းတွေနဲ့မပေါင်းရဲဘူး ” ဆိုတာမျိုးတွေက အိမ်ထောင်တစ်ခုကို တကယ်ခိုင်မြဲအောင် ချည်နှောင်ထားတဲ့အရာလားဆိုတာ တွေးစရာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အိမ်ထောင်ရေးမဟုတ်ဘဲ သူငယ်ချင်းဆက်ဆံရေးမှာတောင် တစ်ယောက်ကို တစ်ယောက်က ကြောက်နေရရင် ရေရှည်မပေါင်းဘဲ ခွာလာတော့မှာပါ။ ဘာလုပ်လုပ် ကြောက် နေရတဲ့ နိုင်ထက်စီးနင်းဆက်ဆံရေးတစ်ခုအောက်မှာ (ကိုယ့်ဘက်ကမှ အမှားလုပ်ထားတာမရှိရင်) ဘယ်သူမှ မပျော်ပါဘူး။ တကယ်ခိုင်မြဲတဲ့ဆက်ဆံရေးအစစ်ဆိုတာ နှစ်ဦးနှစ်ဖက်လွတ်လပ်ပျော်ရွှင်မှုရှိတဲ့ဆက်ဆံရေးမျိုး ပါ။ ကြောက်လို့ စကားနားထောင်တာ၊ ကြောက်လို့ ပြန်မပြောတာဆိုတာမျိုးထက် ချစ်လို့ စကားနားထောင်တာ၊ ချစ်လို့ ပြန်မပြောတာဆိုတာမျိုးက အိမ်ထောင်တစ်ခုကို ပိုခိုင်မြဲစေမှာပါ။

သင်ကော အိမ်ထောင်တစ်ခုမှာ ခိုင်မြဲဖို့ အကြောက်တရားနဲ့ချည်နှောင်ထားဖို့ လိုအပ်တယ်ထင်လား။