လူလူချင်းခွဲခြားဆက်ဆံတာမျိုး မလုပ်မိစေဖို့…

blank

သားရေ…

အခုတလောအမေရိကန်မှာ လူမျိုးရေးခွဲခြားမှုကို အခြေခံပြီး အရေးအခင်းတစ်ခုဖြစ်နေတာ သားလည်း တီဗွီမှာ ကြည့်ရမှာပါ။ နှစ်ပေါင်းများစွာအုံဖွဲ့လာတဲ့ခံစားချက်တွေအရင်းခံလာတာမို့ လက်ရှိမှာ အခြေအနေက ပြေလည်အောင် မညှိနိုင်းနိုင်ကြသေးပါဘူး။ နိုင်ငံရေးဆိုတာ ကျယ်ပြန့်တဲ့အတွက် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မေ မေဘာမှမပြောချင်ပါဘူး။

မေမေပြောချင်တာကတော့ အဲ့ဒီကနေ ရခဲ့တဲ့အသိလေးတစ်ခု သားကို မျှဝေချင်တာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

မေမေတို့မြန်မာနိုင်ငံမှာဆိုလည်း တိုင်းရင်းသားပေါင်းစုံအပြင်၊ ဂေါ်ရခါး၊ တရုတ်၊ ဟိန္ဒူ၊ အစ္စလာမ် စ သဖြင့် လူမျိုးပေါင်းစုံတို့လည်း မေမေတို့နဲ့အတူ ယှဉ်တွဲနေထိုင်နေကြပါတယ်။ သားသူငယ်ချင်းတွေထဲမှာ လည်း လူမျိုးပေါင်းစုံရှိကြပါတယ်။ အပေါ်ယံအသွင်မတူပေမဲ့ မေမေတို့အားလုံးဟာ လူသားချင်းအတူတူပါပဲ။ အားလုံးဟာ သားအနေနဲ့ တန်းတူဆက်ဆံရမယ့်သူတွေချည်းပါပဲ။ အဖြူ၊ အညို၊ အမည်းဆိုတဲ့ အသားအရေ အောက်က သွေးအရောင်ဟာ အားလုံးအနီရောင်တစ်ခုတည်းပါပဲ။ ကောင်းမြတ်တဲ့လူတစ်ယောက်ဆိုတာ လူ အချင်းချင်း လူကိုလူလိုမြင်တတ်တဲ့သူကို ခေါ်တာပါ။

တစ်ခုတည်းရွေးရမယ်ဆိုရင် မေမေက သားကို ပညာတတ်ကြီးတွေ၊ သူဌေးကြီးတွေဖြစ်စေချင်တာမျိုး ထက် ကောင်းမြတ်တဲ့လူတစ်ယောက်ပဲဖြစ်စေချင်ပါတယ်။

ဒီစာလေးကို သားသူငယ်ချင်းတွေအတွက်လည်း ပြန် SHARE ပေးလိုက်ပါဦးနော်။