ချစ်သူနဲ့ပြတ်လို့ ကမ္ဘာပျက်သလိုခံစားနေရပြီလား။

blank

အချစ်ဆိုတာ လှပတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေကျ ကျွန်မတို့ကို နာကျင်စေတယ်။ အထူးသဖြင့် ကိုယ့်ချစ်သူကို လက်လွှတ်ဆုံးရှုံးရတဲ့အခါမျိုးမှာပေါ့။

ချစ်သူနဲ့ပြတ်သွားတဲ့အခါ ကျွန်မတို့လုပ်မိတဲ့အရာကတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် မပြည့်စုံတဲ့သူ၊ ချစ်သူအတွက် မဖြည့်ဆည်းပေးနိုင်တဲ့သူ၊ အချစ်နဲ့မထိုက်တန်တဲ့သူဆိုပြီး ခေါင်းထဲမှာ အတွေးပေါင်းစုံ ကစားနေတတ်တယ်။

Relationship တစ်ခုကို တစ်ဖက်တည်းကပဲ ထိန်းချုပ်လို့မရပါဘူး။ မခိုင်မြဲတော့မယ့် ကြိုးတစ်ချောင်းကို ဇွတ်ဆွဲနေမယ့်အစား relationship နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဖို့မကောင်းဘူးလား။ Relationship တစ်ခု အဆုံးသတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်ဖြစ်စေတဲ့အထိကော ဖြစ်သင့်ရဲ့လား။ ကိုယ့်ဘဝဆိုတာ ကိုယ့်လက်ထဲမှာရှိနေတဲ့အရာပဲမဟုတ်လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူတွေကို ကိုယ့်အပေါ် ဘယ်လိုဆက်ဆံလာအောင်လို့ဆိုပြီး သွားပြောလို့ မရပါဘူး။ သူတို့ဘယ်လိုပဲဆုံးဖြတ်ချက်ချချ သူတို့အပေါ်မှာ မူတည်ပါတယ်။ ဒါတွေဟာ ကိုယ့်အပြစ်မဟုတ်ပါဘူး။ ကိုယ်ချစ်ရသူက ကိုယ့်ကို ပြန်မချစ်တော့လို့ ကိုယ့်မှာ အရည်အချင်းမရှိဘူးလို့ သတ်မှတ်လို့မရပါဘူး။ သူတို့မှာ ကိုယ့်အချစ်တွေကို ထိန်းသိမ်းနိုင်စွမ်းမရှိတာလည်းဖြစ်နိုင်ပါတယ်နော်။