သူငယ်ချင်းကောင်းတစ်ယောက်ကို ရှာဖွေတဲ့အခါ

blank

သူ့အတွက် ဘာမဆိုရင်ဆိုင်ပေးရတာထိုက်တန်တဲ့သူငယ်ချင်းကို ရှာပါ။

သူ့မှာ ကံဆိုးတဲ့နေ့တွေ၊ စိတ်ညစ်စရာတွေ ရှိနေတာတောင် သင့်ကို ချစ်နေမယ့်သူငယ်ချင်းကို ရှာပါ။

သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်း လှည့်ပြောနေမယ့်အစား သင့်ကိုအကောင်းအဆိုးဝေဖန်ပေးမယ့် သူငယ်ချင်းကို ရှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ပတ်ဝန်းကျင်ကလူတွေက သင့်ကို အပြစ်တင်တိုက်ခိုက်ကြတဲ့အခါ သင့်ဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ့်သူငယ်ချင်းကို ရှာပါ။

ကျန်းမာရေးမကောင်းတဲ့အခါ၊ ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့အခါ၊ စိတ်ညစ်တဲ့အခါ သင့်အနားမှာ ရှိနေပေးမယ့် သူငယ်ချင်းကို ရှာပါ။

သင် သူ့ကို စိတ်ဆိုးအောင် လုပ်မိခဲ့ရင်တောင် အခင်မပျက်ဘဲ ချစ်နေပေးမယ့်သူငယ်ချင်းကို ရှာပါ။

သင့်နှလုံးသားတစ်ခုလုံးနဲ့ အားပေးချီးမြှောက်ရမယ့်သူငယ်ချင်းကို ရှာပါ။

သင်လက်လွတ်အဆုံးရှုံးမခံနိုင်မယ့်သူငယ်ချင်းကို ရှာပါ။

သင့်ဘဝမှာ အခက်အခဲတွေရှိနေရင်တောင် သူ့အတွက် အချိန်ပေးရမယ့်သူငယ်ချင်းကို ရှာပါ။

သင် အမြတ်တနိုးချစ်ပေးရလောက်အောင် တန်ဖိုးထားရမယ့်သူငယ်ချင်းကို ရှာပါ။

ဒီလိုအချက်လေးတွေနဲ့ ပြည့်စုံတဲ့သူငယ်ချင်းလေးတွေ ပိုင်ဆိုင်ထားတယ်ဆိုရင် mention ခေါ်ပေးလိုက်ပါဦးနော်။