ရာသီသွေးကို နိမ့်ကျတယ်လို့ ထင်နေတဲ့ သမီးလေးဖတ်ဖို့

blank

သမီးလေးရေ…။

ယောက်ျားလေးတစ်ယောက် လူပျိုဖော်စဝင်တဲ့အခါ အသံတွေ သြရှလာတာ၊ အမွှေးအမျှင်တွေ ထူထဲလာတာတွေဖြစ်တတ်သလို မိန်းကလေးတွေ ပျိုဖော်စဝင်လာတဲ့အခါမှာ ရာသီဓမ္မတာ လာတာပဲ။ ဒါဟာ မိန်းကလေးတွေရဲ့ အားနည်းချက်တစ်ခုမဟုတ်ဘူးဆိုတာကို သမီးလေးကို သိစေချင်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ရာသီသွေးဆိုတာ ချွေးလိုပဲ ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်တဲ့ အရည်တစ်ခုပဲဖြစ်ပြီး၊ သက်ရှိတစ်ယောက်ကို မွေးဖွားနိုင်တော့မယ်ဆိုတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်။ မိန်းကလေးတွေဟာ ယုတ်ညံ့နိမ့်ကျနေလို့ ရာသီလာတာမဟုတ်ပါဘူးနော်။ အဲ့ဒီရာသီသွေးကြောင့် သမီးလေးဖြစ်တည်လာခဲ့သလို နောက်ထပ်မျိုးဆက်သစ်တွေကို သမီးက မွေးထုတ်ပေးနိုင်မယ်ဆိုတဲ့ အမှတ်အသားတစ်ခုပါ။

ပြီးတော့ သမီးလေးဟာ  ခေါင်းအစခြေအဆုံး တန်ဖိုးရှိတဲ့သူတစ်ယောက်ပါ။ ဒါ့ကြောင့်  သမီးကိုယ်သမီးချစ်ပါ။ မြတ်နိုးပါ။ မိန်းကလေးမို့ ဘုန်းနိမ့်တယ်။ ရာသီသွေးဟာ နိမ့်ကျတယ်ဆိုတဲ့ အတွေးတွေကို မောင်းထုတ်ထားလိုက်ပါနော်။

သမီးလေးကို ချစ်တဲ့မေမေ။