ကိုယ့်အပေါ်ကို အနိုင်ယူလွန်းတဲ့ ချစ်သူကို ချစ်လည်းချစ်တယ်။ ဆက်ပြီးလက်တွဲရမှာ ကြောက်လည်းကြောက်လာမိတယ်။

blank

ကျွန်တော်သူ့ကို စတွေ့ကတည်းက ချစ်မိခဲ့တယ်။ သူကကျွန်တော့်ထက် သုံးနှစ်လောက်ငယ်တာကြောင့် ကျွန်တော်သူ့ကို အလိုလိုက်တယ်။ အရာရာသူ့သဘောကို ဦးစားပေးခဲ့တယ်။ သူကလည်းကျွန်တော်အပေါ်ဆိုးတယ်။ အနိုင်ယူတယ်။

သူငယ်ချင်းတွေစုပြီး အပြင်ထွက်ကြပြီဆိုရင် သူက အားလုံးရှေ့မှာ ကျွန်တော့်ကိုသူသိပ်နိုင်တယ်ဆိုတာကို ပြပါတယ်။ လူရှေ့ရောက်ရင် အမိန့်ဆန်ဆန်ပြောတာမျိုး၊ ကျွန်တော့်အပေါင်းအသင်းတွေကို ကန့်သတ်ပစ်တာမျိုးတွေလုပ်တယ်။ သူငယ်ချင်းတွေနဲ့အပြင်ထွက်တာ မကြိုက်ဘူး။ သူက လာဆိုရင် ရောက်လေရာကနေ ကောက်ခနဲလိုက်သွားရတယ်။ သူပြောသလိုမဟုတ်ရင် စိတ်ကောက်တော့တာပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အစမှာတော့ အားလုံးကလည်း “ကောင်မလေးကို သိပ်ချစ်ပါလား” လို့တွေးပေးကြပေမယ့် ကြာလာတော့ “ဒီကောင် အလကားပါ” လို့ မကြားတကြားပြောကြတယ်။ တချို့သူငယ်ချင်းတွေဆိုရင် တိုးတိုးတိတ်တိတ်သတိပေးတဲ့အထိပါပဲ။ သူများတွေရဲ့ စကားတွေကို ကျွန်တော်ဂရုမစိုက်ပေမယ့် မွန်းကြပ်လာတာတော့ အမှန်ပဲ။ သူအနားမှာရှိနေရင် ကျွန်တော်ကပျောက်သွားသလိုခံစားနေရတယ်။ သူ့ကိုချစ်ပေမယ့်လည်း သူ့နားသွားရမှာ၊ သူနဲ့အဆက်အသွယ်လုပ်ရမှာ ကြောက်လာတယ်။ သူနဲ့မတွေ့တဲ့အခါ လွမ်းမိပေမယ့်လည်း  စိတ်ကလွတ်လပ်ပေါ့ပါးနေတယ်။ ကျွန်တော့်စိတ်ကို ထိန်းချုပ်မယ့်သူမရှိတဲ့ အရသာကို ကြိုက်လာတယ်။

ကျွန်တော့်သူ့ကိုချစ်လည်းချစ်တယ်။ ဆက်တွဲရမှာလည်းကြောက်နေတယ်။ ကျွန်တော်ဘာလုပ်သင့်လဲ။