စစ်မှန်တဲ့အလှဆိုတာကို သမီးလေးသိပါစေ။

blank

သမီးလေးရေ…

အခြားမိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အကြောင်း ဘယ်တော့မှ မှတ်ချက်မပေးပါနဲ့နော်။ သမီးခန္ဓာကိုယ်က အပြစ်အနာတွေကိုလည်း  မပြောပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ အလှဆိုတာ ကြင်နာမှုတွေပြည့်နေတဲ့ နှလုံးသားပဲဆိုတာကို သမီးလေးအမြဲနားလည်နေပါနော်။

မိန်းကလေးတစ်ယောက်ဟာ ဝိတ်လျှော့ဖို့ထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ အရေးကြီးတယ်ဆိုတာ….

ပိန်အောင် လေ့ကျင့်ခန်းလုပ်ဖို့ထက် စိတ်ဖိစီးမှုလျှော့ချဖို့ လေ့ကျင့်ခန်းလုပ်သင့်တယ်ဆိုတာ….

လူတွေအထင်ကြီးအောင် အားကစားလုပ်ပြဖို့ထက် ယုံကြည်မှုရှိတဲ့ အမျိုးသမီးဖြစ်အောင်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် အားကစားလုပ်သင့်တယ်ဆိုတာ….

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အသက်ဘယ်လောက်ပဲ ကြီးသွားကြီးသွား ခင်မင်ရတဲ့ သူငယ်ချင်းတွေရှိဖို့ လိုတယ်ဆိုတာကို သမီးလေး နားလည်ထားပါ။

ပေါင်တံလှလှလေးတွေ၊ ခါးသေးရင်ချီတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တာက မိန်းကလေးအများစုရဲ့ ဆန္ဒပါ။ ဒါပေမဲ့ ကိုယ့်ရဲ့အိပ်မက်တွေဆီချီတက်ဖို့ သန်စွမ်းတဲ့ခြေထောက်နဲ့ ရည်မှန်းချက်တွေပြည့်အောင် ကြိုးစားဖို့ ကျန်းမာသန်စွမ်းဖို့ ဆိုတာကိုလည်း မှတ်ထားပေးပါနော်။

သမီးရဲ့ ခန္ဓာကိုယ်ဟာ သမီးရဲ့စိတ်ထားအလှကို ထင်ဟပ်စေတဲ့ အရာတစ်ခုပဲ ဖြစ်ပါစေသမီး။