နှစ်တွေဆွေးပေမယ့် ဒိတ်မလွန်ဘဲ ဝိုင်လို တန်ဖိုးရှိလာတဲ့ အချစ်ဆိုတာ….

blank
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့လက်ကိုတစ်သက်လုံး စွဲစွဲမြဲမြဲကိုင်ထားပေးထားရတဲ့ အကြောင်းအရင်းက ဘာလဲ။
 
အလှအပလား။ နုပျိုခြင်းလား။ သက်တမ်းရင့် ချစ်ခြင်းတစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မေးမိတယ်။
 
နှစ်ချို့အချစ်တွေမှာ ဒိတ်မလွန်တဲ့ ချစ်ခြင်းဆိုတာ…..။
ခန္ဓာကိုယ်အချိုးအစားတွေ ပျက်ယွင်းလာတဲ့အခါ မပျက်မယွင်းမြတ်နိုးနေတာ၊
အကြောပြတ်ရာတွေမြင်တိုင်း သားသမီးတွေကို မွေးဖွားပေးခဲ့တဲ့ ကျေးဇူးတရားတွေကို အမှတ်ရနေတာ၊
နုပျိုမှုတွေ ပျောက်ဆုံးကုန်တဲ့အခါ အတူတူဖြတ်သန်းခဲ့တဲ့ အချိန်တစ်ချို့ကို ပြန်ပြောင်းသတိရလာတာ၊
အလှတွေလျော့လျော့လာပေမယ့် မြတ်နိုးမှုတွေ တိုးတိုးလာတာ။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
အားနည်းချက်တွေအတွက် အားတုံ့အားနာဖြစ်မိတိုင်း အားသာချက်တွေကို မြင်အောင်ပြပေးတတ်ခြင်းပဲတဲ့။
တကယ်တော့လေ….။
          အချစ်မှာမျက်စိမရှိတာ မဟုတ်ပါဘူး။ အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အခြားတစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်ခြင်းဆိုတာကိုပေါ့။ ကျွန်မကတော့ ကျွန်မအိုမင်းလာတဲ့အထိ အလှတွေ မလျော့သေးပါဘူးလို့ ခံစားစေမယ့်သူမျိုးကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်။
သင်ကော… အဲ့ဒီလိုချစ်မယ့်သူကို တွေ့ထားပြီးပြီလား။