ငါပြောသလို လုပ်… ငါလုပ်သလို မလုပ်နဲ့” ဆိုတဲ့ ပုံစံနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်နေတာလား။

blank

မိဘအများစုဟာ ကလေးတွေရှေ့မှာ အချိန်ပြည့်ဖုန်းသုံးနေပြီးတော့ ကလေးတွေကိုကျတော့ ဖုန်းသုံးတာက မကောင်းဘူးလို့ ဆုံးမကြတယ်။ ကိုယ်ကိုယ်တိုင်ကျ ဘာလို့သုံးတာလဲလို့ ကလေးကများမေးလိုက်ရင် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြတယ်။ “ငါကလူကြီးမို့” ဆိုတဲ့ စကားနဲ့ ဆင်ခြေပေးကြတယ်။

ဒီလိုလုပ်… ဟိုလိုလုပ်… ဒီဟာမလုပ်နဲ့.. ဟိုဟာ မလုပ်နဲ့ ဆိုပြီး သားသမီးတွေကို ဆုံးမတယ်။ ကိုယ်တိုင်ကတော့ သားသမီးတွေကို ဆိုဆုံးမတဲ့အတိုင်းလုပ်ချင်မှ လုပ်လိမ့်မယ်။
ကျွန်မတို့မေ့နေတာက ကျွန်မတို့ရဲ့ သားသမီးတွေဟာ ကျွန်မတို့ရဲ့ စကားတွေထက် ကျွန်မတို့ရဲ့ အပြုအမူတွေကို စောင့်ကြည့်နေတယ်၊ အတုခိုးနေတယ်ဆိုတာပါပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သားသမီးတွေကို ကောင်းစေချင်လို့ ဆုံးမတာမှန်ပေမယ့် ကိုယ်ကိုယ်တိုင်က ဥပမာကောင်းတစ်ခု၊ စံပြဖြစ်အောင် အရင်နေဖို့မကောင်းဘူးလား။

ငါပြောသလိုလုပ်… ငါလုပ်သလို မလုပ်နဲ့လို့ဆုံးမတာက ကောင်းတယ်လို့ထင်လား။