ချစ်သူထားတော့မယ်ဆိုရင် ဒီသဘောတရားလေးတွေကို အရင်သိသင့်တယ်

blank

၁။ ယောက်ျားတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ရောင်းသူအနေနဲ့မပြောဘဲ ဝယ်သူတစ်ယောက်ရဲ့ လေသံနဲ့ ပြောပါ။

၃။ ရုပ်ရည်တစ်ခုတည်းကိုကြည့်ပြီး ချစ်သူမရွေးပါနဲ့။

၎။ သင့်ရဲ့သူငယ်ချင်းတွေက သင့်ချစ်သူမပေးနိုင်တဲ့ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တာကြောင့် သူငယ်ချင်းတွေကို တန်ဖိုးထားပါ။

၅။ အကျင့်မကောင်းတဲ့ ယောက်ျားတစ်ယောက်အတွက် အသင့်တော်ဆုံးအပြစ်ဒဏ်က ကျောခိုင်းစွန့်ခွာခြင်းပါပဲ။

၆။ ချစ်လို့ အလျှော့ပေးတယ်ဆိုရင်တောင် သင့်အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို မထိခိုက်ပါစေနဲ့။

၇။ သင့်ကို မပိုင်ဆိုင်မချင်း ယောက်ျားတစ်ယောက်က သင့်အတွက်ဘာမဆိုလုပ်ပေးလိမ့်မယ်။ ဒါ့ကြောင့် ချစ်လို့ အရာရာပုံအပ်မယ်ဆိုရင်တောင် တစ်ကွက်တော့ ဆရာစားချန်ထားပါ။

၈။ မထိုက်တန်တဲ့သူမှန်းသိရက်နဲ့ ဇွတ်ချစ်တာဟာ အကြွေးဝယ်ကတ်နဲ့ ဈေးဝယ်ရသလိုပါပဲ။ တစ်ချိန်ချိန်မှာ သင်ပြန်ပေးဆပ်ရမှာပါ။ ဒါ့ကြောင့် ချစ်သူရွေးတဲ့အချိန်မှာ ရေရှည်အတွက် အဆင်ပြေမယ့်သူကို သေချာရွေးချယ်သင့်ပါတယ်။

၉။ ယောက်ျားတစ်ယောက်က သင့်ကို တန်ဖိုးထားခြင်း၊ မထားခြင်းဟာ သင့်ကိုယ်သင်လေးစားတန်ဖိုးထားမှုအပေါ်မှာ အများကြီးမူတည်ပါတယ်။

၁ဝ။ ယောက်ျားအများစုဟာ အချစ်ရေးမှာရော၊ အလုပ်မှာပါအောင်မြင်ချင်ပါတယ်။ ဒါ့ကြောင့် သူ့ကိုပျော်ရွှင်စေချင်တယ်ဆိုရင် သူ့ရဲ့အချစ်ရေးအောင်မြင်မှုလေးတွေကို သူသိအောင်ပြသပေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၁။ ယောက်ျားတစ်ယောက်ကို ရွေးချယ်တဲ့အချိန်မှာ ပိုက်ဆံချမ်းသာတာတစ်ခုကိုပဲကြည့်ပြီး မရွေးချယ်ပါနဲ့။

၁၂။ သင့်ချစ်သူက သင့်အပေါ်မှာ အချိုးတွေပြောင်းနေပြီဆိုရင် သင့်ကိုယ်သင်သံသယမဝင်ပါနဲ့။ သူ့ကိုပဲ သံသယဝင်ပါ။

၁၃။ သင့်ရဲ့ရုပ်ရည်သွင်ပြင်က သင့်ရဲ့ဆွဲဆောင်မှုအရှိဆုံးအရာတွေမဟုတ်ပါဘူး။ ရုပ်ရည်ထက် စိတ်သဘောထားက ပိုမိုတည်တံ့ပါတယ်။

၁၄။ ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ဆိုတဲ့ စကားထက် မာနကြီးပြီး လိုက်ရခက်တယ်ဆိုတဲ့စကားက ပိုကောင်းပါတယ်။

၁၅။ သင့်ချစ်သူကောင်လေးအကြောင်းကို သင့်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အချိန်အတော်ကြာ အတင်းပြောနေရပြီဆိုရင်တော့ သင့်အချစ်ရေးကို ပြန်လည်သုံးသပ်ပါ။

၁၆။ အချစ်ဆိုတာ မြေပုံမလိုတဲ့ အကောင်းဆုံးစွန့်စားမှုခရီးစဉ်တစ်ခုဆိုတာ အမြဲအမှတ်ရနေပါ။

၁၇။ သင့်ဘဝကို သင့်ချစ်သူအတွက်ပဲ မကုန်ဆုံးပါနဲ့။ ကိုယ်ပိုင်လွတ်လပ်ခွင့်က နှစ်ဦးစလုံးမှာ ရှိသင့်ပါတယ်။ ဒါမှ သင့်အချစ်ရေးက ကြာရှည်တည်မြဲမှာပါ။

၁၈။ သင်ဟာ မကြာခင်မှာ ပေါက်ကွဲတော့မယ့် အချိန်ကိုက်ဗုံးတစ်လုံးမဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်အရာကိုမှ အလျှင်စလိုဆုံးဖြတ်ဖို့ မလိုအပ်ပါဘူး။

၁၉။ ဒီနေ့ဟာ သင်ကြုံလာရမယ့်နေ့ရက်တွေထဲမှာ အနုပျိုဆုံးအချိန်ပါ။ ဒါ့ကြောင့် ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

၂ဝ။ ယောက်ျားလေးတစ်ယောက်ကို လွယ်လွယ်နဲ့အဖြေပြန်ပေးခြင်းက သင့်တန်ဖိုးကို သင်ကိုယ်တိုင်နှိမ့်ချသလို ဖြစ်နေပါတယ်။

၂၁။ မော်ဒယ်မလေးတစ်ယောက်လို လှပနေဖို့ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ကသာ အရေးကြီးဆုံးပါ။

၂၂။ သင့်ရဲ့ဉာဏ်ရည်နဲ့ ထက်မြက်မှုကို အချစ်ကြောင့် ဘယ်တော့မှ အထိခိုက်မခံပါနဲ့။ စမတ်ကျကျနေထိုင်တတ်ခြင်းဟာ အချစ်ရေးမှာရော၊ ဘဝမှာပါ အရေးပါဆုံးအရာတစ်ခုပါ။

၂၃။ သင့်ချစ်သူက သင့်ကိုတကယ်လိုအပ်နေတယ်ဆိုရင် သူ့ဘဝမှာ သင့်ရဲ့အရေးပါမှုကို သင်သိအောင်ပြသလိမ့်မယ်။

ဂန္ထဝင်ပရိတ်သတ်ကြီးရေ… အချစ်နဲ့စတင်ထိတွေ့တော့မယ့်သူငယ်ချင်းတွေ သိထားဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။