အချစ်အကြောင်း ဒဿနများ

အချစ်ကို……….

Andre Gide (အန်ဒရဲဂိုဒ်) က “မိမိပုံစံအမှန်မဟုတ်ဘဲ အချစ်ခံနေရတာထက် စစ်မှန်တဲ့မိမိပုံစံနဲ့ အမုန်းခံလိုက်ရတာက ပိုကောင်းပါတယ်”

Lao Tzu (လောင်းကျူ) က ” တစ်စုံတစ်ယောက်ဆီက အချစ်တွေကို လက်ခံရရှိနေတာဟာ မိမိကို အားရှိစေတယ်။ တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိတဲ့အခါ မိမိကို သတ္တိရှိလာစေတယ်။”

Jodi Picoult (ဂျိုဒီ ပီခို့လ်) က “လူတစ်ယောက် ပြီးပြည့်စုံနေတဲ့အချိန်မှာ ချစ်ပေးပြီး အပြစ်အနာအဆာတွေရှိလာရင်လည်း နားလည်လက်ခံပေးလိုက်ပါ။”

Pablo Neruda (ပါ့ဘလို နရူဒါ) က “ချစ်ဖို့ကလွယ်တယ်၊ မေ့ဖို့ခက်တယ်။”

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

Jose’ N. Harris (ဂျို့ဇဲ အင်ဟဲရစ်) က “ကိုယ်ချစ်တဲ့လူတစ်ယောက်အတွက် ငိုကြွေးရတာ အားနည်းခြင်းရဲ့ လက္ခဏာတစ်ရပ် မဟုတ်ပါဘူး။ စိတ်နှလုံး မွန်မြတ်ခြင်းရဲ့ ပြယုဂ်တစ်ခုပါ။”

Melissa Marr (မလီဆာ မားရ်) က “တစ်ခါတစ်ရံမှာ အချစ်ဟာ ထွက်သွားခွင့်ပေးလိုက်ရတယ်လို့ အဓိပ္ပါယ်ရတယ်။ အရာအားလုံးကို ဆုပ်ကိုင်ထားချင်ပေမယ့်လည်းပေါ့။”

Pedro Caldero’n de la Barca (ပီဒရို ကယ်ဒီရိုအင် ဒလီဘာကာ) က”စိတ်ဆိုးတာ၊ ရန်ဖြစ်တာတွေမပါရင် အချစ်မမည်ဘူး။”

သင်ကော အချစ်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချင်လဲ။ ဝေမျှခဲ့ဦးနော်။