ကလေးတွေကို Sex Education ပေးတော့မယ်ဆိုရင်…။

blank

အသိပညာပေးမယ့်သူနဲ့ ပေးမယ့်ကလေးအကြား ပွင့်လင်းပြီး ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားရမယ်။

အသိပညာပေးမယ့်သူတွေအနနဲ့ ကိုယ်တိုင်က ကျန်းမာရေးဗဟုသုတတွေအပြင် ခေတ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အသိပညာကြွယ်ဝဖို့လိုမယ်။

ကလေးတွေရဲ့ အသက်အရွယ်၊ အသိပညာနဲ့ လက်လှမ်းမီနိုင်တဲ့ စကားလုံးတွေ၊ နည်းလမ်းတွေကို အသုံးပြုရမယ်။

တစ်ရက်တည်းတစ်နေ့တည်းနဲ့ အသိပညာပေးလို့ရတဲ့အရာမဟုတ်ဘဲ တဖြည်းဖြည်းချင်း အသိပညာပေးရမယ်ဆိုတာကို နားလည်ရမယ်။

ကလေးတွေဘက်က တုံ့ပြန်လာမယ့်အရာတွေ၊ မေးလာမယ့်မေးခွန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ရမယ်။

သင်ကော… ကလေးတွေကို sex education သင်တော့မယ်ဆိုရင် ဘာလေးတွေ သိထားဖို့လိုမယ်လို့ ထင်လဲ။