ငါ့သမီးနဲ့ ဒိတ်တော့မယ်ဆိုရင် ဒါလေးတွေသိထားပါ။

စည်းကမ်းချက်-၁။ ငါ့အိမ်ဝမှာ မင်းရပ်နေတာက ငါ့အိမ်ကို ပါဆယ်လာပို့ဖို့ပဲဖြစ်ပါစေ။ ငါ့အိမ်ကနေတော့ ငါ့သမီးအပါအဝင် ဘာမှ မ သွားဖို့ စိတ်မကူးနဲ့။

စည်းကမ်းချက်-၂။ ငါ့ရှေ့မှာ ငါ့သမီးကို ဟိုကိုင်ဒီကိုင်လုပ်ဖို့ ဟိုကြည့်ဒီကြည့်လုပ်ဖို့ စိတ်တောင်မကူးနဲ့။ မင်းရဲ့လက်ကိုမင်းမထိန်းနိုင်ရင် ငါထိန်းပေးရလိမ့်မယ်။

စည်းကမ်းချက်-၃။ လမ်းသရဲဆန်ဆန်ဝတ်စားထားတဲ့အခါ ငါ့သမီးအနားမှာ ဝဲဖို့ စိတ်မကူးနဲ့။ ငါ့သမီးနဲ့ ချိန်းတွေ့တိုင်း မိကောင်းဖခင်သားသမီးပီသတဲ့ အဝတ်အစားတွေကို ဝတ်ထားပါ။

စည်းကမ်းချက်-၄။ မင်းငါနဲ့တွေ့တိုင်း နိုင်ငံရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ လူမှုရေးတွေအကြောင်း သာကြောင်းမာကြောင်းတွေ ပြောဖို့မလိုဘူး။ ငါတကယ်သိချင်တာက မင်းငါ့သမီးကို အိမ်ကိုဘယ်ချိန်ပြန်ပို့ပေးမလဲဆိုတဲ့ အကြောင်းအရာပဲ။ စောလေ မင်းအတွက် ကောင်းလေပေါ့ကွာ။

စည်းကမ်းချက်-၅။ မင်းဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ငါသိထားတယ်။ မင်းပါမင်း နှင်းဆီပဲဖြစ်ဖြစ် ကြားလျှာပဲဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး။ မင်းကြောင့် ငါ့သမီးလေး မျက်ရည်ကျရတယ်ဆိုလို့ကတော့ မင်းလည်းငိုရဖို့ပြင်ထားပါ။

စည်းကမ်းချက်-၆။ ငါ့သမီးကို ချိန်းတွေ့ဖို့ နေရာစဉ်းစားတဲ့အခါ လူမြင်ကွင်းမှာရှိတဲ့ အေးအေးဆေးဆေး စကားပြောလို့ရတဲ့နေရာကို ရွေးချယ်ပါ။

စည်းကမ်းချက်-၇။ ငါ့သမီးအလှပြင်တာကို စိတ်ရှည်ရှည် ထိုင်စောင့်ပေးပါ။ ကြာလွန်းလို့ အပြစ်တင်တဲ့ စိတ်ကလေးပေါ်လာတော့မယ်ဆိုရင် ငါ့ကားကိုရေဆေးပေးပြီးစောင့်ပါ။

သင်ကော… သင့်ဆီမှာ သမီးလေးတစ်ယောက်ရလာခဲ့ရင် ဘယ်လိုစည်းကမ်းလေးတွေ ချမှတ်ပေးမလဲ။ Comment box မှာ မျှဝေပေးလိုက်ပါဦး။