အသည်းခွဲခဲ့တဲ့သူကို ကျေးဇူးတင်ပါ….

၁။ အသည်းနင့်အောင် ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရခြင်းဟာ တချို့အခွင့်အရေးတွေကို ဖမ်းခွင့်ခွင့်တစ်ခု၊ ဘဝထဲမှာ ပိုကောင်းတဲ့ အခွင့်အရေးတွေရောက်လာခွင့် တစ်ခုဆိုတာကို နားလည်လာခဲ့တယ်။ ပြီးတော့ ဘဝထဲက ထွက်သွားခဲ့တဲ့သူကို ကျေးဇူးတင်ရကောင်းမှန်းသိလာတယ်။

၂။ လှပတဲ့အိပ်မက်တစ်ခုကနေ နှိုးထခဲ့သလို ခံစားလိုက်ရတယ်။ အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်က နာကျင်လှပါတယ်။ ဒါပေမဲ့ အတုတစ်ခုနဲ့ ပျော်နေမယ့်အစား နာကျင်ခံစားမှုအစစ်တွေကို ခံစားပြီး အရာရာကို ကျော်လွှားလိုက်တာက ပိုကောင်းပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၃။ အမြဲတမ်းရှိနေလိမ့်မယ်လို့ ထင်ခဲ့တဲ့ အချစ်တွေ၊ မြဲလိမ့်မယ်ထင်ခဲ့တဲ့ တွဲလက်တွေဟာလည်း မမြဲခြင်း သဘောတရားထဲမှာ ပါတယ်ဆိုတာကို နားလည်လာခဲ့တယ်။

၎။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဘေးနားမှာရှိနေမယ့် လူတွေကို မြင်တွေ့ခွင့်ရခဲ့တယ်။ အသည်းသာ မကွဲခဲ့ဘူးဆိုရင် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးနေတဲ့သူတွေကို မြင်တွေ့ခွင့်ရခဲ့မှာ မဟုတ်ဘူး။

၅။ အသည်းကွဲခြင်းဆိုတာ သိပ်ကိုကြောက်ဖို့ကောင်းပါတယ်။ အဲ့ဒါကို ကျော်လွှားနိုင်ပြီးတဲ့နောက် အကြောက်တရားတွေကို အလွယ်တကူကျော်ဖြတ်လာနိုင်တယ်။ လူက အရင်ကထက်ပိုပြီး ရဲရင့်လာခဲ့တယ်လေ။

၆။ အသည်းကွဲပြီးတဲ့နောက် တစ်ယောက်တည်း ရှိနေခြင်းကလည်း အထီးမကျန်ဘူးဆိုတာကို သိလာခဲ့တယ်။ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူရဲ့ဘေးနားမှာနေပြီး အထီးကျန်နေတာထက်စာရင် တစ်ယောက်တည်း အထီးကျန်နေရမယ်ဆိုရင်တောင် ကောင်းတယ်မဟုတ်လား။

၇။ အသည်းကွဲပြီးတဲ့နောက် ကိုယ်နဲ့ထိုက်တန်တဲ့ ချစ်ခြင်းတစ်ခုကို ရှာဖွေရမယ်ဆိုတာကို နားလည်လာခဲ့တယ်။ ကိုယ့်ရဲ့တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင်သတ်မှတ်ထားရတဲ့ အရာဖြစ်ပြီး အခြားလူတွေ လက်ကမ်းမီအောင် နိမ့်ချပေးရတဲ့အရာမဟုတ်ဘူးဆိုတာကို နားလည်လာခဲ့တယ်။

သင်ကော…အသည်းကွဲပြီးတဲ့နောက်မှာ ဘာလေးတွေသိလာခဲ့လဲ။