ရန်ဖြစ်တိုင်းကိုယ်ထိလက်ရောက်ရိုက်နှက်တတ်တဲ့ယောက်ျားကြောင့် စိတ်ဆင်းရဲနေရသူ။

blank

ကျွန်မနာမည်ကို မော်မော်လို့ပဲ ထားလိုက်ပါ။

ကျွန်မတို့အိမ်ထောင်သက် ၉ နှစ်ထဲရောက်ပါပြီ။ ယောက်ျားက မဖောက်ပြန်ပါဘူး။ ရှာလည်း ရှာကျွေးပါတယ်။ သားသမီးတွေအပေါ်လည်း တာဝန်ကျေပါတယ်။ ကျွန်မအပေါ်ပဲ မကောင်းတာပါ။ လင်နဲ့မယားလျှာနဲ့သွားဆို တဲ့အတိုင်း တစ်ခါတလေ လင်မယားချင်းစကားများရန်ဖြစ်တိုင်း ကျွန်မကို ကိုယ်ထိလက်ရောက်ရိုက်နှက်ပါ တယ်။ သူပဲ လင့်ဝတ္တရားကျေပွန်တာမဟုတ်ပါဘူး။ ကျွန်မကလည်း မယားဝတ္တရား၊ မိခင်ဝတ္တရား အကုန်ကျေ ပွန်သူပါ။ ပြဿနာကြီးကြီးမားမားလည်း မရှိပါ။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စကားများတာတောင် သူက လက်ပါ ပါတယ်။

ပြီးရင် သူအကျင့်ပါနေလို့ပါဆိုပြီး ပြန်တောင်းပန်ပါတယ်။ ကျွန်မကလည်း ကလေးတွေမျက်နှာကော၊ သူကောင်းခဲ့တာတွေပါတွေးပြီး ပြန်ပြန်ခွင့်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ စိတ်ပျက်လာပါပြီ။ အိမ်ထောင် သက် ၉ နှစ်ဆိုတော့ ကလေးတွေလည်း ကြီးလာကြပြီ။ ကလေးတွေရှေ့မှာ မအေကို ဖအေက ရိုက်နေတာ မမြင်စေချင်တော့ပါဘူး။ ပြီးတော့ သူများသိရင်လည်း သိက္ခာတကယ်ကျပါတယ်။ ကျွန်မက မဟုတ်တာလုပ် နေရင်လည်း တစ်မျိုးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျွန်မတို့အမျိုးထဲမှာ တစ်ခုလပ်တစ်လင်ကွာမရှိသလို၊ ကလေးတွေအတွက်ကျတော့ လည်း သူက ဖခင်ကောင်းမို့ ကျွန်မက ကွဲကွာတဲ့အထိကျတော့လည်း မဖြစ်ချင်ပြန်ပါဘူး။ တစ်ခါရန်ဖြစ်ပြီးတော့ ကျွန်မအိမ်ပေါ်က ဆင်းသွားဖူးပါတယ်။ ရှိခိုးမတတ်တောင်းပန်သလို သွားလေရာတကောက်ကောက်လိုက် နေတာကြောင့် အရှက်တွေကွဲရလို့ ကျွန်မမိသားစုကလည်း သူ့ကို ကတိပေးခိုင်းပြီး ပြန်ပေါင်းခိုင်းပါတယ်။ ဒါပေမဲ့ ခွေးမြီးကောက်ကျည်တောက်စွပ်ပါပဲ။ ခဏပဲဆင်ခြင်ပြီး အခုထိ ရိုက်နေတုန်းပါပဲ။

စိတ်တွေလည်းတော်တော်ကုန်နေပါပြီ။ ရုန်းလည်းမရုန်းထွက်နိုင်ဖြစ်နေလို့ ဘာဆက်လုပ်သင့်လဲဆိုတာ အကြံ ပေးကြပါဦး။